ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ချောရတနာကတော့ အကယ်ဒမီတစ်ဆုကိုပိုင်ဆိုင်ထားတဲ့မင်းသမီးလေးဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ကိုယ်ပိုင်မိသားစုလေးလည်းရှိနေပြီဖြစ်တာကြောင့် အနုပညာအလုပ်တွေကိုတော့ ဖြည်းဖြည်းမှန်မှန်သာလုပ်ဆောင်နေတာပါနော်။ချောရတနာကိုတော့ ပရိသတ်တွေက ယနေ့အချိန်ထိအားပေးချစ်ခင်နေကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုမျှော်လင့်နေကြတာဖြစ်ပါတယ်။
ချောရတနာကသားတစ်ယောက်သမီးတစ်ယောက်ကိုမွေးဖွားထားပြီး ကလေးတွေကိုမိခင်မေတ္တာအပြည့်နဲ့နွေးထွေးမှုပေးကာ စောင့်ရှောက်ပေးနေတဲ့အပြင် ချစ်ခင်ပွန်းအပေါ်မှာလည်းကြင်နာယုယစွာနဲ့မယားဝတ္တရားကျေပြွန်တဲ့ဇနီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ချောရတနာတို့မိသားစုလေးက အရမ်းအေးချမ်းလွန်းလို့ ပရိသတ်တွေကလည်းချစ်ကြပြီးအားကျနေကြတာပါနော်။
ချောရတနာကတော့ ဟိုးအရင်ကတည်းကအနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့တာဖြစ်လို့ တစ်ခေတ်တုန်းကအနုပညာမောင်နှမတွေနဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံဟောင်းလေးတွေကိုမျှဝေလာတာဖြစ်ပါတယ်။အခုဆိုရင်တော့ ချောရတနာ သက်မွန်မြင့်နဲ့ ဟိန်းဝေယံတို့သုံးယောက်က သနပ်ခါးနဲ့လှနေကြတဲ့ပုံဟောင်းလေးကို မျှဝေလာတာဖြစ်ပါတယ်နော်။
Photo Credit:Chaw Yadanar's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။