မင်းသမီးချောလေး ပိုးကြာဖြူခင်ကိုတော့ ပရိသတ်တွေအားလုံးက ဆိုင်းမိုင်ဆိုတဲ့ဇာတ်ရုပ်လေးနဲ့ ပိုမိုရင်းနှီးခဲ့ကြတာ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်က " ဝင်္ကပါစံအိမ်၊ ဥယျာဉ်မှူးဖြစ်ဖူးချင်သည်၊ မိုးကောင်းကင်အိပ်မက်၊ ကြယ်ကလေးရဲ့ကောင်းကင် " စတဲ့ဇာတ်လမ်းတွဲလေးတွေကို ရိုက်ကူးပြီး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲအသစ်လေးတွေအပြင် ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေရပါတယ်။

Photo Credit- Poe Kyar Phyu Khin's FB
Photo Credit- Poe Kyar Phyu Khin's FB
Photo Credit- Poe Kyar Phyu Khin's FB

သရုပ်ဆောင်ကောင်းတဲ့အပြင် အသံလေးလည်းကောင်းတဲ့ ပိုးကြာဖြူခင်က အဆိုတော်စိန်လင်းနဲ့တွဲဖက်ပြီး တေးသီချင်းလေးတွေလည်း သီဆိုခဲ့တာ ဖြစ်ပါတယ်။ ရိုးရိုးအေးအေးလေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ပိုးကြာဖြူခင်က ဟန်ဆောင်မှုကင်းပြီး ပျော်ပျော်နေတတ်သူလည်း ဖြစ်ပါတယ်။ အခုလည်း ပိုးကြာဖြူခင်က ရုပ်ပြောင်လေးတွေလုပ်ပြပြီး အိုက်တင်အပြည့်နဲ့ Tik Tok ကစားပြထားပါတယ်။ 

Photo Credit- Poe Kyar Phyu Khin's FB
Photo Credit- Poe Kyar Phyu Khin's FB
Photo Credit- Poe Kyar Phyu Khin's FB

ပိုးကြာဖြူခင်က "MasterChef Myanmar" ကဒိုင်လူကြီးတွေရဲ့ပိုစတာထဲက ပုံစံအတိုင်း တစ်ထေရာတည်းတူအောင် လုပ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ပုံစံအတိုင်း တူအောင်လုပ်ပြထားတဲ့ ပိုးကြာဖြူခင်ရဲ့ဗီဒီယိုလေးကတော့ ခွီနေရတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပိုးကြာဖြူခင်ရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Poe Kyar Phyu Khin's FB & Tik Tok

Photo Credit- Poe Kyar Phyu Khin's FB
Photo Credit- Poe Kyar Phyu Khin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။