သရုပ်ဆောင် မင်းသားချော သူထူးစံကတော့ သရုပ်ဆောင် မင်းသမီးချောလေး ထိုက်စုဝင်းနဲ့အတူ နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးပြီး ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုကို ရရှိခဲ့ကြတာပဲဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုယ်စီရရှိထားတဲ့ သူတို့နှစ်ယောက်ကို ပရိသတ်တွေကလည်း အခုချိန်အထိ ချစ်ခင်အားပေးနေရတာဖြစ်ပါတယ်။

Photo Credit-Htike Hsu's FB
Photo Credit-Htike Hsu's FB
Photo Credit-Htike Hsu's FB

ပကာသနတွေကင်းပြီး ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေကြတဲ့ သူထူးစံတို့ဇနီးမောင်နှံကတော့ တကယ့်ကိုကြည်နူးဖို့ကောင်းကြတာ ဖြစ်ပါတယ်။ အခုလည်း သူထူးစံနဲ့ ထိုက်စုဝင်းတို့စုံတွဲလေးက မောင်းမကန်ကမ်းခြေကို အပန်းဖြေခရီးထွက်လာကြတာဖြစ်ပါတယ်။ ထိုက်စုဝင်းက " Actor Star FC တိုက်စစ်မှူးကြီး ( ဂိုးသွင်းကောင်းတဲ့ကိုကို)နှင့်ကြုံတုန်း အမှတ်တရ#maungmakan beach " ဆိုပြီး သူတို့စုံတွဲရဲ့ပုံလေးတွေကို မျှဝေထားတာဖြစ်ပါတယ်။

Photo Credit-Htike Hsu's FB
Photo Credit-Htike Hsu's FB
Photo Credit-Htike Hsu's FB

မောင်းမကန်ကမ်းခြေမှာ လက်ချင်းတွဲပြီး ကြည်ကြည်နူးနူးလမ်းလျှောက်နေကြတဲ့ သူတို့စုံတွဲလေးကတော့ အားကျချင်စရာကောင်းနေတာ ဖြစ်ပါတယ်။ ထိုက်စုဝင်းက ချစ်ခင်ပွန်းသူထူးစံနဲ့အတူ Romantic ဆန်ဆန်ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်တင်ပေးလိုက်တာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သူထူးစံနဲ့ ထိုက်စုဝင်းတို့ဇနီးမောင်နှံရဲ့ကြည်နူးပျော်ရွှင်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Htike Hsu's FB  

Photo Credit-Htike Hsu's FB
Photo Credit-Htike Hsu's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။