ပရိသတ်ကြီးရေ ခီမောင်နှံလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အချစ်တော် ဆယ်လီအနုပညာရှင်စုံတွဲလေးကတော့ ထူးချွန်တဲ့ အနုပညာစွမ်းရည်တွေအပြင် ရိုးရှင်းကာအနေအေးပြီး မှန်ကန်ဖြောင့်မတ်မှုတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာပါ..။

လိုက်ဖက်ညီလွန်းတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံလေးကတော့ ဇာတ်ကားတွေထွက်ရှိတိုင်း ပရဂိသတ်တွေကို နှစ်သက်ကျေနပ်စေပြီး တတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “Now And Ever ထာဝရနှောင်ကြိုး” ကလည်း အခုအချိန်ထိ ရုံတင်ပြသလျက်ရှိနေဆဲပါပဲနော်..။


Photo Credit - Christina Kyi’s Facebook
Photo Credit - Christina Kyi’s Facebook

ပရိသတ်တွေရဲ့ အချစ်တော် ခီမောင်နှံကတော့ လတ်တလောမှာ ရုံတင်ပြသလျက်ရှိတဲ့ “Now And Ever ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရုံဝင်ငွေစာရင်းတွေကိုလည်း ပရိသတ်တွေကို အမှန်တိုင်းအသိပေး ပြောပြလာခဲ့ပါတယ်..။

ပရိသတ်တွေရဲ့ အားပေးကြမ်းမှုတွေနဲ့ ရုပ်ရှင်ရုံဝင်ငွေ သိန်းပေါင်း(၂၄၀၀၀) ရရှိနေပြီး သူမတို့ productions အနေနဲ့ သိန်းပေါင်း (၁၁၀၀၀) ရကာ အဲ့ဒီထဲကနေမှ အခွန်အတွက် သိန်းပေါင်း(၁၂၀၀)လောက် ဖယ်ထားတယ်လို့ ခီမောင်နှံက ပြောပြထားတာပါ..။


Photo Credit - Christina Kyi’s Facebook
Photo Credit - Christina Kyi’s Facebook

အခွန်ကိစ္စကိုလည်း ပရိသတ်တွေကို ပြောပြရတဲ့အကြောင်းအရင်းလေးကလည်း “သူတို့ပေးလိုက်တဲ့ ပိုက်ဆံလေးက တိုင်းပြည်အတွက် အကျိုးရှိတဲ့ တစ်ထောင့်တစ်နေရာလေးကို ရောက်သွားတယ်ဆိုတာ သိစေချင်တယ် မှန်မှန်ကန်ကန်လေးပဲ ပြောလိုက်တဲ့အခါကျတော့ လုပ်ငန်းရှင်အားလုံးကလည်း အစ်မ မကွယ်မဝှက်ထားတာလေးတွေကိုလည်း သိစေချင်တယ် ပြီးတော့ ပရိသတ်တွေကို အရမ်းဝမ်းသာစေချင်လို့ ပြောပြလိုက်တယ်..” ဆိုပြီးတော့ ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

“အနုပညာလုပ်ငန်းဆိုတာ တိုင်းပြည်အတွက် ဘယ်လောက်အကျိုးရှိတယ်ဆိုတာ သိစေချင်ပြီး အစ်မ သိစေချင်တယ် အခွန်ထဲကို မှန်မှန်ကန်ကန်ပြရတယ် မှန်မှန်ကန်ကန်ဆောင်တယ် တတိုင်းတပြည်ကို ရောက်နေတာတောင်မှ သူတို့ရဲ့ပိုက်ဆံတွေက ဒီဘက်မှာလည်း အကျိုးရှိနိုင်တဲ့နေရာတွေကို ပြန်လုပ်ခဲ့ရတယ်ဆိုတာ သိစေချင်တယ် အနုပညာလုပ်ငန်း ကျယ်ပြန့်အောင်ပေးမယ်ဆိုရင် တိုင်းပြည်မှာ ဘယ်လောက်အကျိုးရှိလဲဆိုတာ သိစေချင်တယ် ..” ဆိုပြီး ပြောပြထားတဲ့ ခီမောင်နှံရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Christina Kyi’s Facebook
Photo Credit - Christina Kyi’s Facebook

Photo Credit - Christina Kyi’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။