ပရိသတ်ကြီးရေ.. အမိုက်စားအသံပါဝါကောင်းကောင်း တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိနေရာယူထားကြတဲ့ ပြည်သူချစ်အနုပညာရှင်တွေထဲမှာ အဆိုတော်အိုင်းရင်းဇင်မာမြင့်ကလည်း အပါအဝင်ပါပဲ..။

အနုပညာသက်တမ်း(၁၀)နှစ်ကျော်အတွင်း သူမရဲ့တေးသီချင်းကောင်းလေးတွေကတော့ ပရိသတ်တွေကြားအမြဲရေပန်းစားနေပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသူလေးလည်း ဖြစ်ပါတယ်နော်..။


Photo Credit - Irene Zin Mar Myint’s Facebook
Photo Credit - Irene Zin Mar Myint’s Facebook

အိုင်းရင်းဇင်မာမြင့်ကတော့ စိတ်ထါက်ပေါက်င်္တေ တော်ရှားပါးပြီး အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အချိန်တွေမှာ ရင်ဆိုင်ခဲ့တဲ့ စိတ်လေးတွေအကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်..။

စိတ်အေးချမ်းမှုတွေနဲ့ စိတ်ထွက်ပေါက်တွေ တော်တော်ရှားပါးတဲ့ အချိန်တွေမှာ ကိုယ့်ဘာသာပြန်တည်ဆောက်ပြီး အေးချမ်းမှုတွေကို ရှာဖွေကာ အေးချမ်းအောင် နေခဲ့တဲ့ အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Irene Zin Mar Myint’s Facebook
Photo Credit - Irene Zin Mar Myint’s Facebook

“လူကတော့ နေ့တိုင်းတော့ မအေးချမ်းပါဘူး တစ်ခါတစ်လေလည်း စိတ်ရဲ့အေးချမ်းမှု စိတ်ရဲ့ ထွက်ပေါက်ဆိုတာလည်း တော်တော်ရှားရှားပါးပါးဖြစ်တဲ့အချိန်လည်း ရှိတယ် ဒါပေမယ့်လည်း ကိုယ့်ဘာသာကိုယ် ပြန်တည်ဆောက်ရတာပေါ့ ကိုယ့်ရဲ့အခက်အခဲကို ကိုယ်ပဲ သိပါတယ် လူတိုင်းမှာ အခက်အခဲအနည်းအများတော့ ရှိကြပါတယ် ဒါပေမယ့်လည်း ကိုယ်က ကိုယ့်ရဲ့အခက်အခဲကို အမြဲထုတ်ပြနေစရာမလိုသလို ကိုယ့်ပျော်ရွှင်မှုကိုလည်း ထုတ်ပြနေစရာမလိုဘူးလို့ ထင်ပါတယ် သိုသိုသိပ့်သိပ့်နေတာ အရာအားလုံးအကောင်းဆုံးပါပဲ အဲ့ဒါကြောင့် အေးချမ်းအောင်လည်းနေတယ် အေးချမ်းမှုကိုလည်း ရှာဖွေပါတယ် ..” ဆိုပြီး ပြောပြထားတာပါ..။

ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေအတွက် အိုင်းရင်းဇင်မာမြင့်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်မျှဝေပေးလိုက်တာမို့ အသည်းလေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo Credit - Irene Zin Mar Myint’s Facebook
Photo Credit - Irene Zin Mar Myint’s Facebook

Photo Credit - Irene Zin Mar Myint’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။