ပရိသတ်ကြီးရေ....တနင်္ဂနွေနေ့ ည ၉နာရီတိတိမှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ "Dancing with the Stars Myanmar"အစီအစဉ်လေးကို ကြည့်ရှုအားပေးကြမှာပါနော်။ "ခေတ်သစ်ပျိုမေ" ၊ "MasterChef Myanmar" တို့ရဲ့ ပင်တိုင် Host တစ်ဦးဖြစ်တဲ့ Presenter သဇင်နေဝင်းက ထိုအစီအစဉ်လေးမှာ ပါဝင်နေတာဖြစ်ပါတယ်။ ချစ်မွှေးပါတဲ့ အပြုံးလေးနဲ့ စကားအပြောအဆို သာယာချိုမြိန်တာကြောင့် မြင်သူတိုင်းက သူမကို ချစ်ခင်အားပေးကြတာပါနော်။ သူမပါဝင်ယှဉ်ပြိုင်နေတဲ့ "Dancing with the Stars Myanmar" အကပြိုင်ပွဲနဲ့ ပတ်သက်ပြီး MLTV ကမေးမြန်းတဲ့အခါမှာ အခုလိုပဲ ရှိးရှင်းစွာဖြေကြားခဲ့တာဖြစ်ပါတယ်။

photo credit Thazin Nwe facebook page
photo credit Thazin Nwe facebook page

သဇင်နွယ်ဝင်းက အကပြိုင်ပွဲကြီးနဲ့ပတ်သက်ပြီး "အများကြီး ပြင်ဆင်ထားပါတယ်၊ Pressure လည်းအရမ်းပိတယ်၊ အိပ်မပျော်တဲ့ ညတွေလည်းရှိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အကနဲ့ပတ်သက်ပြီး လေ့လာနေရလို့ပါ၊ အကဗီဒီယိုတွေကိုလည်းကြည့်ရပါတယ်၊ ဒါ့အပြင် ကိုယ့်ရဲ့ partnerနဲ့လည်း ဟန်ချက်ညီအောင် တိုင်ပင်လေ့ကျင့်ရတာတွေရှိတယ်၊ သဇင့်အတွက် တစ်ကယ်ကြီးကို challenge ဖြစ်တယ်..." စသဖြင့် ကြိုးစားအားထုတ်မှုတွေ၊ ပြိုင်ပွဲအပေါ် ရင်ခုန်စိတ်လှုပ်ရှားတဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ဖြေကြားသွားခဲ့ပါတယ်။

photo credit Thazin Nwe facebook page
photo credit Thazin Nwe facebook page

ချစ်ပရိသတ်ကြီးကို သဇင်နွယ်ဝင်းက အခုလိုပဲ စကားလက်ဆောင်ပါးသွားပါသေးတယ်။ " သဇင်အခုဆိုရင် programတွေကို ပရိသတ်တွေအတွက် အကောင်းဆုံးတင်ဆက်ပေးနေပါတယ်။ အခု dancer အနေနဲ့၊ ပြိုင်ပွဲဝင်တစ်ဦးအနေနဲ့ Dancing with the star အစီအစဉ်မှာ ကိုယ်က ဒါကို ကပြက်ကချော်တော့ မလုပ်ချင်ဘူး၊ တစ်ကယ်ကို ပရိသတ်ကြည့်တဲ့ အမြင်မှာလည်း အဆင်ပြေမယ်၊ နောက်ပြီးတော့ ဒီပြိုင်ပွဲအတွက်ကို အများကြီးလည်း စိတ်နှစ်ထားတာကြောင့် အကောင်းဆုံးကြိုးစားပြီး ပြင်ဆင်နေပါတယ်။ ပရိသတ်တွေအားပေးပါ၊ ဘယ်လို program တွေပဲတင်ဆက်၊ တင်ဆက် ၊ ပရိသတ်တွေဘက်ကပေါ့နော် အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်၊ ဆက်ပြီးကြိုးစားပါမယ်လို့..."ဖြေကြားသွားခဲ့ပါတယ်။ အင်တာဗျူး ဗီယိုဖိုင်လေးကိုလည်း ကြည့်ရှုအားပေးသွားကြပါဦးနော်။

photo credit Thazin Nwe facebook page
photo credit Thazin Nwe facebook page

photo credit Thazin Nwe facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။