source - Fnatic Facebook

Ti 3 အပြီးမှာ roster တွေချိန်းပြီး ပြန်လည်ဖွဲ့စည်းထားတဲ့ Fnatic အသင်းအနေနဲ့ 2019-2020 DPC season ရဲ့ အစပိုင်း minor , Major ပွဲစဉ်တွေမှာ အနည်းငယ်လိုအပ်ချက်တွေရှိနေသေးခဲ့တာကိုတွေ့ရပါတယ်။

အသင်းရဲ့ အငယ်ဆုံး carry player 23savage အနေနဲ့လည်း အသင်းရဲ့အနည်းငယ်အသားကျဖို့ လိုအပ်နေသေးခဲ့တာတွေ့ရသလို တချို့သော team fight တွေမှာလည်း အသင်းဖော်အချင်းချင်းနားလည်မှု လွဲခဲ့ကြတာမျိုးလေးတွေကို တွေ့မြင်ခဲ့ရပါတယ်။

သို့ပေမယ့် DramLeague Season13 Sea Qualifier ဝင်ပြိုင်တဲ့အချိန်မှာတော့ Fnatic အသင်းဟာ teamwork ပိုင်းမှာရော players အချင်းအချင်းနားလည်မှုတွေရော အရင်ကထက်ပိုကောင်းလာခဲ့တာတွေ့ရပါတယ်။

ဒီကနေ့ယှဉ်ပြိုင်ကစားခဲ့တဲ့ DreamLeague Season 13 Sea Closed Qualifer semifinal ပွဲစဉ်မှာဆိုရင်လည်း Fnatic အသင်းဟာ TNC Predator အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာပဲဖြစ်ပါတယ်။

နှစ်သင်းလုံးဟာ Sea region ရဲ့ Tier 1 အသင်းကြီးတွေဖြစ်တာနဲ့အညီ အကောင်းမွန်ဆုံး draft တွေထုတ်ပြခဲ့ပြီး ယှဉ်ပြိုင်ကစားခဲ့ကြပေမယ့် Fantic အသင်းဟာ TNC Predator အသင်းကို 2:0 ဆိုတဲ့ရလာဒ်နဲ့ အနိုင်ရရှိပြီး DreamLeague Season13 မှာ qualified ဖြစ်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ရှုံးနိမ့်သွားတဲ့ TNC Predator အသင်းအနေနဲ့လည်း Reality Rift vs Cignal Ultara အသင်းတို့ယှဉ်ပြိုင်မှုကနေ ရုံးနိမ့်လာတဲ့ အသင်းနဲ့ ထပ်မံကစားသွားရဦးမှာဖြစ်ပြီး အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ DreamLeague Season 13 ကိုဝင်ရောက်ယှဉ်ပြိုင်နိုင်ဦးမှာပဲဖြစ်ပါတယ်။ 

ML Esports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။