ML Low Rank မှာ MM နှစ်ကောင်တွေ Tank 4 ကောင်တွေကိုင်ပြီး MM တစ်ကောင်ထုတ်ကစားတာတွေက ဘာမှမဖြစ်ပါဘူး။ ကောင်းကောင်းသာကစားရင် လုံးဝအေးဆေးနိုင်ပါတယ်။ ဒါပေမဲ့ Support Hero တွေကြီးပဲတော့ မထုတ်နဲ့ပေါ့။ Low Rank မှာ ကိုင်လို့အကောင်းဆုံးဖြစ်စေမဲ့ Role တွေကတော့ ရှင်းပါတယ်။ Carry ပေးနိုင်တဲ့ကောင်ရယ် အဲ့ Carry က MM ဆိုကာပေဖို့ Tank တစ်ကောင်ရှိရင်ရပါပြီ။ 

Carry Hero တွေဆိုတော့ သင့်အနေနဲ့ Low Rank သာဆိုရင် Fighter, Assassin နဲ့ MM စတဲ့ Role ထဲကကောင်ကိုကိုင်သင့်ပါတယ်။ Fighter ထဲမှာဆို Aldous, Masha ဖြစ်ပြီး Assassin ဆိုရင်တော့ Ling, Gusion, Hayabusa စတဲ့ကောင်တွေကို ကိုင်လို့အကောင်းဆုံးပါ။ Marksman ထဲမှာဆိုရင်တော့ အကုန်နီးပါက Carry ကောင်းတာမို့ ပြောစရာတော့မလိုပါဘူး။ ဒါပေမဲ့ ရွှေးချယ်ပြပါဆိုရင်တော့ Karrie တို့ Irrithael တို့က အကောင်းဆုံးပါပဲ။ 

အသင်းအတွက် Carry ကောင်ရှိနေပြီဆိုရင် ကိုယ်အနေနဲ့ Tank သို့မဟုတ် Support ထဲကကောင်ကို ရွှေးချယ်ပေးဖို့လိုပါတယ်။ အများအားဖြင့်က Tank ပဲဆိုတော့ အဲ့ထဲက အကောင်းဆုံး Hero တွေကိုဖော်ပြလိုက်ပါမယ်။ Tank Role ထဲက အကောင်းဆုံး Tank တွေကတော့ Grock, Khufra, Baxia စတဲ့ကောင်ကြီးတွေရှိပါတယ်။ သူတို့ဟာ Tank ဆိုပေမဲ့လဲ Damage အကြမ်းစားတွေ ပေးနိုင်ပါတယ်။ Low Rank မှာကိုင်လို့ရတုန်း ကြမ်းထားကြပါ။ 

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။