Mobile Legends ကိုစဆော့တဲ့သူတွေအနေနဲ့ Rank ကစားတဲ့အခါ Rank တက်ဖို့အတွက် တော်တော်လေးကို ခတ်ခဲနေတယ်ဆိုတာ တွေ့ရှိရပါတယ်။ စစဆော့တဲ့သူတွေအနေနဲ့ ဘာ Hero ကို Pick ရမယ် ဘယ်လိုသေသေချာချာဆော့ရမယ်ဆိုတာကို မသိကြပါဘူး။ မိန်းကလေးတွေဆိုရင်လဲ သေမှာကိုကြောက်နေပါတယ်။ မသေချင် မသေအာင် သေချာလေးဆော့ပေါ့။ အဲ့လိုတွေကြောင့် Warrior ကနေ GM ထိကိုဆေးတွေမိတာတောင် တက်စေနိုင်မဲ့ ကစားပုံစံကို ပြောပြသွားမှာပါ။ 

ပထမဆုံးကိုယ့်အနေနဲ့ ကျွမ်းကျင်စေမဲ့ Hero တွေကိုရွေးပါ။ Live Stream တွေကြည့်ပြီး ဘယ်လိုကစားတယ်ဆိုတာကိုလေ့လာပါ။ ဖြစ်နိုင်ရင်တော့ High Rank တွေမှာ Ban တဲ့ Hero တွေကို သေသေချာချာလေး လေ့ကျင့်ပြီး ဆော့ကစားပါ။ Rank ကစားရင်ဘယ်တော့မှ မကျွမ်းကျင်တဲ့ Hero ကိုမကိုင်ပါနဲ့။ အသင်းက Carry ကိုစိတ်မချရင် ကိုယ်ကိုတိုင် Carry ကိုရွှေးချယ်ပါ။ Internet Line ကောင်းမကောင်း နဲ့ Bill ရှိမရှိ သေချာစစ်ပြီးမှဆော့ပါ။ 

Solo ထက် Party တွေနဲ့ကစားတာပိုကောင်းပါတယ်။ ကိုယ်ကိုင်တိုင်း Hero ကို ကစားပွဲမှာ အကောင်းဆုံး ကစားပြီး Rank ကိုအနိုင်ယူပါ။ ပွဲမှာ ကိုယ့်ဘက် AFK တွေပါရင် ကိုယ့်အသင်းသားတွေနဲ့ အကောင်းဆုံး ချိတ်ဆက်ပြီး Battle အဝင်အထွက်တွေကို ဂရုစိုက်ပါ။ AFK ဖြစ်တဲ့သူကို စခန်းမှာပဲထားပါ။ Comeback ဆိုတာရှိပါတယ်....ကောင်းကောင်းတာကစားရင် ရှုံးရာကနေနိုင်နိုင်ပါတယ်။ အဆိုးစကားတွေ မပြောပဲ အေးဆေးလေး ကောင်းကောင်းကစားပါ။ Rank တိုင်းနိုင်ပါစေ။  

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။