Ling ဆိုတဲ့ Hero ဟာလဲ ML မှာ တော်တော်လေးကို Late Game ကြမ်းတဲ့ Hero တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ Late Game က Aldous ထက်ပိုကြမ်းတယ်လို့ပြောရင်တောင်ရပါတယ်။ သူတို့နှစ်ကောင်ထိပ်တိုက်တွေ့ရင်တော့ ဦးတဲ့ကောင်နိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် Ling ပါလာရင် ကိုယ့်အနေနဲ့ ဘယ်လို Hero တွေကို Pick ရမလဲဆိုရင် သူနံရံပေါ်မတက်သွားအောင်လို့ လုပ်နိုင်တဲ့ကောင်တွေကို Pick ရပါမယ်။ 

အဲ့ဒီတော့ Stun ပေးနိုင်တဲ့ကောင်တွေထဲကပဲ ကိုယ့်အနေနဲ့ရွှေးချယ်ရပါမယ်။ အကောင်းဆုံး Counter Hero တွေကတော့ Chou နဲ့ Saber ပဲဖြစ်ပါတယ်။ သူတို့အနေနဲ့ Ling ဆိုတဲ့ကောင် အောက်သာကျလာရင် သတ်ရဖို့အတွက် လွယ်ကူးစေပါတယ်။ နောက်ထပ် Hero တွေကတော့ Tank ထဲမှာဆို Khufra တို့ Baxia တို့ Lolita တို့စတဲ့ Stun ပေးနိုင်တဲ့ကောင်တွေရှိပါတယ်။  

Mage ထဲမှာဆို Eudora တို့ Aurora တို့ ရှိပါတယ်...သို့သော်သွေးပျော့တာမို့ အရင်ဆုံးမသေစေဖို့ပဲမျှော်လင့်ပါတယ်။ Moskov ဟာဆိုရင်လဲ Linh သာနံရံပေါ်က ကျလာတာနဲ့ Skill 2 ပစ်ပြီး Stun စေတာမို့ Counter ထောက်နိုင်ပါတယ်။ Ling ပါပြီဆိုရင် Counter ထောက်နိုင်တဲ့ Hero နှစ်ကောင်လောက်တော့ ပါသင့်ပါတယ်။ Counter နိုင်တဲ့ Mage တွေ MM တွေကိုတော့ရှောင်ပါ။ ဘာလို့ဆို သူတို့ သွေးပျော့တာမို့ Counter ထောက်ဖို့ ခတ်ခဲပါတယ်။ Ling ဆိုတဲ့ကောင်ကလဲ နံရံပေါ်ကဆင်းတာနဲ့ တစ်ကောင်ဆိုတစ်ကောင်ပဲလေ။

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။