ပရိသတ်ကြီးရေ မင်းသမီးချောလေးပိုးအိအိခန့်ကတော့ ချစ်ရတဲ့သူနဲ့အတူတူနှစ်ကိုယ်တူဘဝလေးကိုတည်ဆောက်လိုက်ပြီး သားချောလေးတစ်ယောက်ကိုလည်းမွေးဖွားထားတဲ့မိခင်တစ်ယောက်ဖြစ်ပါတယ်နော်။ပိုးအိအိခန့်နဲ့အောင်သူတို့ဇနီးမောင်နှံနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး အေးအတူပူအမျှလက်တွဲနေကြလို့ အရမ်းကြည်နူးစရာကောင်းတဲ့မိသားစုလေးပဲဖြစ်ပါတယ်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

သားချောလေးကိုကိုးကလည်း ဖေဖေအောင်သူနဲ့ချွတ်စွပ်တူပြီး ချစ်မွှေးပါတဲ့ကလေးလေးဖြစ်လို့ ပရိသတ်တွေကလည်းအရမ်းချစ်ကြပါတယ်နော်။မေမေပိုးအိအိခန့်ကလည်းသားလေးကို သေချာဂရုစိုက်စောင့်ရှောက်ပေးပြီး ပိုးမွေးသလိုပြုစုယုယကာ နွေးထွေးမှုအပြည့်ပေးသလို ဖေဖေအောင်သူကလည်းအားတဲ့အချိန်တိုင်းမှာ သားလေးနဲ့အတူတူဆော့ကစားပေးတာဖြစ်ပါတယ်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

ပိုးအိအိခန့်တို့မိသားစုက မကြာသေးခင်ရက်ပိုင်းအတွင်းကမှ ငွေဆောင်ကမ်းခြေကို အလည်အပတ်သွားကြပြီး ပျော်ပျော်ရွှင်ရွှင်အပန်းဖြေနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ မေမေပိုးအိအိခန့်က သားချောလေး ကိုကိုးနဲ့အတူ ရေကူးနေပြီး သားအမိနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်ရေကစားနေတဲ့ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

Photo Credit:Poe Ei Ei Khant's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။