ပရိသတ်ကြီးရေ မင်းသမီးချောလေးသင်ဇာဝင့်ကျော်ဟာဆိုရင် ပရိသတ်တွေအများအပြားကိုပိုင်ဆိုင်ထားပြီး အနုပညာနယ်ပယ်မှာအောင်မြင်မှုတွေနဲ့ရပ်တည်နေတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သင်ဇာကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့လျှောက်လှမ်းနေပြီး ရဲရင့်ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ဖြစ်လို့ ပရိသတ်တွေကလည်းသူမရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်အားပေးကြပါတယ်။

Photo Credit:Kyu Kyu Thin's Facebook
Photo Credit:Kyu Kyu Thin's Facebook

သင်ဇာက လက်တလောမှာလည်းရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားမှာပါဝင်သရုပ်ဆောင်နေပြီး ကြော်ငြာတွေကိုလည်းရိုက်ကူးနေတာဖြစ်ပါတယ်။သင်ဇာကတော့ အသက်၃၀ကျော်အရွယ်ထိတိုင်နုပျိုခြင်းတွေကမပြောင်းလဲဘဲ တစ်နေ့တစ်ခြားပိုပြီးဆွဲဆောင်မှုရှိကာလှပလာတာပါနော်။စိတ်ထားလေးကလည်းကြည်လင်ရှင်းသန့်ပြီး အေးဆေးစွာနေထိုင်တတ်သူဖြစ်တာကြောင့် သူမကိုလူတိုင်းကချစ်ခင်ကြပါတယ်။

Photo Credit:Kyu Kyu Thin's Facebook
Photo Credit:Kyu Kyu Thin's Facebook
Photo Credit:Kyu Kyu Thin's Facebook

အခုဆိုရင်တော့ သင်ဇာက သူမရဲ့မွေးနေ့လေးမှာ မနက်အစောကြီးထပြီး အောင်ဇမ္ဗူ ဆရာတော်ကြီးနှင့်ကျောင်းရှိသံဃာအပေါင်းအား သရုပ်ဆောင်ကြူကြူသင်းရဲ့ ကော်ရည်ခေါက်ဆွဲနဲ့ အာရုံဆွမ်းကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။သင်ဇာက အဖြူရောင်ဝတ်စုံလေးနဲ့ တည်ငြိမ်အေးချမ်းစွာလှပနေပြီး ကုသိုလ်ယူနေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Kyu Kyu Thin's Facebook
Photo Credit:Kyu Kyu Thin's Facebook

Photo Credit:Kyu Kyu Thin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။