ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ခင်အားပေးရတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ တကယ့်ကိုအရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ ရွှေကစ်က ကျရာဇာတ်ရုပ်ကို အပိုအလိုမရှိအောင် အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရွှေကစ်လေးက ထိပ်ဆုံးကနေရပ်တည်ပြီး အောင်မြင်ကျော်ကြားနေတာ ဖြစ်ပါတယ်။

Photo Credit-LiJohn Photography
Photo Credit-Wutt Hmone Shwe Yi's FB
Photo Credit-LiJohn Photography

လတ်တလောမှာတော့ ရွှေကစ်က သီချင်းဗီဒီယိုလေးတွေနဲ့ ကြော်ငြာလေးတွေ အဆက်မပြတ်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ပွဲအခမ်းအနားတွေလည်း တက်ရောက်နေရတဲ့ ကစ်က " တိမ်တွေပေါ်ကပန်း" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ပွဲကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။ မနေ့ညကကျင်းပပြုလုပ်တဲ့ ပွဲလေးကိုတော့ ရွှေကစ်က ကိုရီးယားမင်းသားချောလေး RyuSangWook နဲ့အတူ တက်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။

Photo Credit-Wutt Hmone Shwe Yi's FB
Photo Credit-Wutt Hmone Shwe Yi's IG
Photo Credit-Wutt Hmone Shwe Yi's FB

အဖြူရောင်ဝတ်စုံလေးနဲ့ အားလုံးငေးလောက်အောင် လှနေတဲ့ ရွှေကစ်လေးကတော့ အရမ်းချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ရွှေကစ်နဲ့ ကိုရီးယားမင်းသားလေးတို့က " တိမ်တွေပေါ်ကပန်း" ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူတွဲဖက်ပြီး သရုပ်ဆောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက့် Red Carpet Show ပွဲကို အတူတက်ရောက်လာတဲ့ ရွှေကစ်နဲ့ ကိုရီးယားမင်းသားလေးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Wutt Hmone Shwe Yi's IG & FB 

Video Credit-Topfyshine's IG

Photo Credit-Wutt Hmone Shwe Yi's FB
Photo Credit-Wutt Hmone Shwe Yi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။