အကယ်ဒမီမင်းသမီးချောလေးချောရတနာကတော့ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။သားနဲ့သမီးက နည်းနည်းအရွယ်ရောက်လာကြပြီဖြစ်လို့ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်ပြန်လည်လုပ်ဆောင်နေကာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်နော်။

Photo Credit:Bling Bling Photography
Photo Credit:Chaw Yadanar's Facebook
Photo Credit:Chaw Yadanar's Facebook

ချောရတနာရဲ့ ကလေးနှစ်ယောက်ကလည်းအမေတူလေးတွေဖြစ်လို့ ချစ်မွှေးလေးတွေပါကြပြီး လူချစ်လူခင်ပေါများကြကာ မေမေချောရတနာကလည်း သေချာသင်ကြားပြသပေးတာကြောင့် ထူးချွန်ထက်မြက်စွာနဲ့ကြီးပြင်းလာကြပါတယ်နော်။ချောရတနာရဲ့ချစ်ခင်ပွန်းကတော့ အားလပ်ချိန်တိုင်းမှာ ချစ်ဇနီးနဲ့ကလေးတွေအပေါ်ကို ကြင်နာယုယမှုတွေပေးပြီး ဂရုစိုက်ပေးတာဖြစ်ပါတယ်။

Photo Credit:Chaw Yadanar's Facebook
Photo Credit:Chaw Yadanar's Facebook
Photo Credit:Chaw Yadanar's Facebook

အခုဆိုရင်လည်း ချောရတနာရဲ့ချစ်ခင်ပွန်းက နှစ်ပတ်လည်နေ့လေးအတွက် ချစ်ဇနီးနဲ့အတူ အပြင်မှာညစာထွက်စားကြပါတယ်နော်။ချောရတနာကတော့"ကော်ရီး အရမ်းတွေ Ro တက်လာပြီ ခေး မထင်ထားဘူး"ဆိုပြီး ကျေနပ်ပီတိဖြာနေတာဖြစ်ပါတယ်။ချောရတနာတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ လွတ်လွတ်လပ်လပ်နဲ့ရိုဆန်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Chaw Yadanar's Facebook
Photo Credit:Chaw Yadanar's Facebook
Photo Credit:Chaw Yadanar's Facebook

Photo Credit:Chaw Yadanar's Facebook

Video Credit:Chaw Yadanar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။