ပရိသတ်ကြီးရေ.....ဒီတစ်ပါတ်မှာတော့ လောဘကြီးတာကြောင့် ရသင့်၊ ရထိုက်တာကို မရလိုက်ရတဲ့ အမေရိကန်နိုင်ငံက "austin spriggs"ဆိုသူအကြောင်းကို သင်ခန်းစာယူဖွယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ လောဘဆိုတာ လူတိုင်းမှာရှိကြပါတယ်။ ဒါပေမယ့် ကိုယ်ရသင့်၊ ရထိုက်တာထက်ပိုပြီး အလိုရမ္မက်ကြီးရင်တော့ တန်ဖိုးနှိမ်ခံရ၊ ဈေးနှိမ်ခံရတို့နဲ့သာ အဆုံးသတ်မည်ဖြစ်ကြောင်း "အော့စ်တင်စပရဂ်စ်" ဆိုသူရဲ့ အဖြစ်အပျက်က တစ်ကမ္ဘာလုံးရှိ လူတွေကို မျက်ဝါးထင်ထင် ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။

Photo credit pngtree

အော့စ်တင်စပရဂ်စ် နေထိုင်သည့် ဝါရှင်တန်ဒီစီ၊ ကုန်သွယ်မှုဗဟိုဌာန၏ အရှေ့ဘက် မက်ဆာချူးဆက် ရပ်ကွက်အား အိမ်ရာဆောက်လုပ်သူများက မျက်စေ့ကျခဲ့ရာ ကွန်ဒိုအခန်းနှင့် ရုံးခန်းများ ရာနှင့်ချီကာဆောက်လုပ်ရန် သူ၏ အိမ်နေရာကို ဒေါ်လာ ၂သန်းဖြင့် ဝယ်ယူ ကမ်းလှမ်းခဲ့ကြပါတယ်။ ဒါပေမယ့် သူ့မြေအား ဝယ်ယူရန် ကမ်းလှမ်းသူတိုင်းကို အမြဲဈေးပိုမိုတောင်းခဲ့သဖြင့် နောက်ပိုင်းတွင် ဘယ်သူမှ လာရောက်ကမ်းလှမ်းခြင်းမရှိတော့ပါဘူး။ အဲ့လိုနဲ့ သူမြေကို ဝယ်ယူကမ်းလှမ်းသူများ လာရောက်ကြရန် ရည်ရွယ်ပြီး ထိုနေရာတွင် ပီဇာဆိုင် ဖွင့်ရန် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

Photo credit pngtree

ဒီလိုနဲ့ လေးနှစ်ကြာတဲ့အခါမှာတော့ သူ၏ ပတ်ပတ်လည်၌ မှန်လုံခန်းများပါရှိသော အထပ်မြင့် အဆောက်အအုံကြီးများက နေရာယူလာကြပါတယ်။ ဘဏ်ကြွေးများနှင့် ဝိုင်းနေပြီး ပီဇာဆိုင်လည်း မဖွင့်နိုင်တော့ဘဲ အိမ်နေရာအား ၁.၅သန်းဖြင့် ရောင်းချရန် ဈေးဖွင့်ခဲ့ပါတယ်။ တစ်ချိန်က လောဘကြီးပြီး ၃သန်းအထိ ကမ်းလှမ်းခဲ့တာကို ငြင်းပယ်ခဲ့ပါတယ်။ ထိုအချိန်မှာတော့ ဈေးလျှော့ရောင်းသော်လည်း ဘယ်သူမှ စိတ်ဝင်စားမှု မရှိတော့ပါဘူး။ သူ၏အိမ်နေရာကို အလိုရမ္မက်ကြီး သန်းနှင့်ချီသော ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ၇သိန်းခွဲဖြင့်သာ ရောင်းချခဲ့ရပါတော့တယ်။ မက်ဆာချူးဆက်ရိပ်သာလမ်းအတွင်း အိမ်ရာများဆောက်လုပ်ချိန်တွင် အော့စ်တင်စပရဂ်စ်၏ ငြင်းပယ်ခဲ့မှုသည် ပြောစမှတ်တစ်ခုအဖြစ် website သတင်းတွေမှာပါ ဖော်ပြခြင်းခံခဲ့ရပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။