ပရိသတ်ကြီးရေ.. ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ရင်ထဲ အခိုင်အမာနေရာယူထားတဲ့ သရုပ်ဆောင်တွေထဲမှာ တက္ကသိုလ်ဂွမ်းပုံကလည်း အားလုံးရဲ့ အသည်းကျော်လေးပါပဲ..။

သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အမြဲအချစ်ပိုစေပြီး အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးကိုလည်း ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Goon Sein’s Facebook
Photo Credit - Goon Sein’s Facebook

မြန်မာတစ်နိုင်ငံလုံးရဲက အချစ်တွေကို ရရှိထားတဲ့ ဂွမ်းပုံကတော့ ဇာတ်ကားတွေများစွာ ဆက်တိုက်ရိုက်ကူးထားသလို ခင်ပွန်းဖြစ်သူကလည်း သူမရဲ့ဇာတ်ကားတွေကို အိမ်မှာအမြဲစောင့်ကြည့် အားပေးတဲ့အကြောင်းလေးတွေနဲ့ ဂွမ်းပုံရဲ့အိမ်ခေါ်နာမည်လေးကို ပြောပြလာပါတယ်..။

ရယ်စရာဟာသလေးတွေနဲ့ ရယ်နေရတော့မယ့် သူမရဲ့ဇာတ်ကားတွေကို မိဘတွေနဲ့အတူ တစ်အိမ်လုံးအားပေးကြပြီး ပရိသတ်တွေမသိကြသေးတဲ့ ဂွမ်းပုံရဲ့ အိမ်ခေါ်နာမည်လေးကတော့ မီးငယ်လေးပါတဲ့နော်..။


Photo Credit - Goon Sein’s Facebook
Photo Credit - Goon Sein’s Facebook

“သူ့ကားတွေဆို ရယ်ရတော့မှာ သိတယ်လေ အိမ်မှာဆို မေမေတို့လည်း ရှိတာကိုး မေမေက အိပ်ခန်းထဲမှာ TV တစ်လုံး မေမေရေ အိမ်မှာ မီးငယ်လေးလို့ ခေါ်တာ မီးငယ်လေးကားလာနေပြီလို့ ပြောလိုက်တာ တစ်အိမ်လုံးကြည့်ကြတာ ပြန်ပြီး ပရိသတ်ဖြစ်တာပေါ့ ..” ဆိုပြီး ခင်ပွန်းဖြစ်သူက ပြောပြထားတာပဲဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ နှစ်ယောက်အတူစုံတွဲလေး ပွဲတက်လာတဲ့ ဂွမ်းပုံတို့ဇနီးမောင်နှံတို့နှစ်ယောက်ရဲ့ ပုံရိပ်လေေးတွနဲ့ ဂွမ်းပုံရဲ့ အိမ်ခေါ်နာမည်လေးကို ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Goon Sein’s Facebook
Photo Credit - Goon Sein’s Facebook

Photo Credit - Goon Sein’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။