မကြာခင်မှာ မိုးရာသီရောက်တော့မှာမို့ အားလုံးသတိထားနိုင်အောင်

မေလ 10 ရက်နေ့က မိုးကြိုးပစ်လို့သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်လေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

သတိထားရန် !

ဖုန်းကို မပြောပဲ ခါးကြားထိုးထားတာတောင် ဖုန်းမပိတ် ထားတဲ့အတွက် ကွင်းပြင်ရောက်နေရင် မိုးစရွာနေတဲ့ အနီးအနားက မိုးတိမ်တောင်တွေကြောင့် မိုးကြိုးပစ်

ခံရတတ်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ကလောမြို့နယ် ထဲမှာ တောင်ယာသွားတဲ့ မိန်းကလေးတဦးလမ်းမှာ လက်ကိုင်ဖုန်းထဲ လျှပ်စီးဝင်ပြီး ဓာတ်လိုက် သေဆုံး သွားပါတယ်။

ပင်မှီကျေးရွာအုပ်စု မွေတော်ကျေးရွာက အသက် ၂၄ နှစ်ရွယ်ရှိ မထွေးညိုဆိုသူ ပအိုဝ်းမလေးဟာ ရွာအရှေ့ ဘက်က ယာခင်းမှာ အလုပ်လုပ်ပြီး အပြန်လမ်းမှာ မိုးမိပြီး လျှပ်စီးပါ လျှပ်တဲ့အတွက် ခါးကြားမှာထိုးထားတဲ့ လက်ကိုင်ဖုံးကနေ ဓာတ်လိုက် သေဆုံးခဲ့တယ်လို့ လူမှု ကူညီရေးအဖွဲ့နဲ့ လိုက်ပါသွားတဲ့ ခွန်သန်းအောင်က ပြောပါတယ်။

“အခင်းဖြစ် ညနေ ၅ နာရီကျော်လောက်က ရွာသူကြီးက ရဲစခန်းကို အကြောင်းကြားလာတယ်။ လယ်ကွင်းထဲမှာ မိန်းကလေးတယောက် လျှပ်စီးဝင်ပြီး သေဆုံးသွားတယ်ပေါ့နော်။ အဲဒါနဲ့ ကျနော်တို့လည်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ လိုက်သွား ကြတယ်။ ကျနော်တို့တွေ့တော့ သူ့ခါးအောက်ပိုင်းမှာ မီးလောင်ရာနဲ့၊ ဟွာဝေးဖုံးအနက်ရောင် မှန်လည်း ကွဲသွားတယ်။ မီးလည်းကျွမ်းသွားတယ်။ အမှန်တော့ မိန်းကလေးက ယာခင်းကနေ ပြန်လာပြီးပြီ။ ဒါပေမယ့် သူကပေါက်ပြား ကျန်ခဲ့လို့ ဆိုပြီး တခါပြန်သွားတယ်။ လက်က ပေါက်ပြားကိုင်ပြီး လက်ကိုင်ဖုန်းကိုတော့ ခါးကြားမှာထိုးလာတယ်တဲ့၊ အဲဒီအချိန် မိုးရွာနေပြီး လျှပ်စီးလျှပ်တဲ့အခါကျတော့ ခါးကြားထိုးထားတဲ့ လက်ကိုင်ဖုံးထဲ လျှပ်စစ်ဓာတ်စီးဝင်ပြီး ဓာတ်လိုက် သေဆုံးသွားတယ်လို့ သူကြီးကပြောပါ တယ်ခင်ဗျ။”

ကယ်ဆယ်ရေးအဖွဲ့တွေက မိန်းကလေးရဲ့အလောင်းကို အောင်ပန်းဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့ပြီး နာရေးကိစ္စ များကိုလည်း ကူညီပေးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ – အောင်ပန်း နာ/ကူ အသင်း

Source : နန်းမြနဒီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။