မြင့်မြတ်ဟာ အနုပညာလောကမှာ သဘာဝမင်းသားဆိုပြီး အနုပညာရှင်များကပါ ချီးကျူးနေရတဲ့ မင်းသားတစ်လက်ပါ။ သူရိုက်ကူးတဲ့ ဇာတ်ကားတိုင်းကိုလည်း စေတနာထားကာ သရုပ်ဆောင်တာကြောင့်လည်း ဇာတ်ကားတိုင်းအောင်မြင်နေတာပါ။ အိမ်ထောင်ကျသွားသော်လည်း ပရိသတ်တွေအတွက် ယနေ့ထိတိုင် ဇာတ်ကားကောင်းတွေ ရိုက်ကူးတာပါ။  

Photo Credit - Myat Wai Tun's Facebook
Photo Credit - Myat Wai Tun's Facebook
Photo Credit -Khin Hlaing's And Aung Yin's Facebook

သူ့ရဲ့ပွင့်လင်းရိုးသားတဲ့ စိတ်ထားလေးကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်များကပါ ချစ်ခင်နေကြတာပါ။ သူဟာ ချစ်ရတဲ့ မိသားစုနဲ့အတူပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပါ။ သူ့ရဲ့သားလေးကိုလည်း ပရိသတ်တွေက ချစ်မဝဖြစ်နေကြတာပါ။ မြင့်မြတ်ဟာ တစ်ခါတစ်ရံ ရှုတင်အားလပ်ချိန်များတွင်လည်း သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံလေ့ရှိတာပါ။  

Photo Credit -Khin Hlaing's And Aung Yin's Facebook
Photo Credit -Khin Hlaing's And Aung Yin's Facebook
Photo Credit -Khin Hlaing's And Aung Yin's Facebook

အခုတစ်ခါမှာလည်း ချစ်ခင်ရတဲ့ အနုပညာညီအစ်ကိုတွေဖြစ်ကြတဲ့ မိုးအောင်ရင်၊ ခင်လှိုင်၊ ကေညီတို့နဲ့အတူ ရှုတင်အားလပ်ရက်လေးမှာ ပျော်ပျော်ပါးပါး သီချင်းဆိုနေကြတဲ့ ပုံရိပ်လေးတွေ တင်ထားတာပါ။ သရုပ်ဆောင် ခင်လှိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " ကျွန်တော်ချစ်သောညီအကိုများနဲ့ " ဆိုပြီး တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit -Khin Hlaing's And Aung Yin's Facebook   

Photo Credit -Khin Hlaing's And Aung Yin's Facebook
Photo Credit -Khin Hlaing's And Aung Yin's Facebook
Photo Credit -Khin Hlaing's And Aung Yin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။