မင်းသမီးချောလေး နေခြည်ဦးကတော့ တစ်နေ့တစ်ခြား အလှတွေပိုတိုးလာပြီး ပရိသတ်တွေချစ်ပြီးရင်းချစ်နေရတဲ့ ပရိသတ်အချစ်တော်လေး ဖြစ်ပါတယ်။ ထက်မြက်ပြီး အရည်အချင်းပြည့်ဝတဲ့ နေခြည်ဦးက အချိန်ခဏလေးအတွင်းမှာတင် အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ နေခြည်ဦးက Beauty Blogger အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ နာမည်ရနေပြီး အရမ်းကိုကျော်ကြားအောင်မြင်နေတာ ဖြစ်ပါတယ်။

Photo Credit- Nay Chi Oo's FB
Photo Credit- Nay Chi Oo's FB
Photo Credit- Nay Chi Oo's FB

ကြော်ငြာနဲ့ Photo Shooting တွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတဲ့ နေခြည်ဦးက လက်ရှိမှာလည်း ဇာတ်လမ်းတွဲလေးတစ်ခုကို ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ နေခြည်ဦးက မိုရီဆာကီဝင်း၊ ချမ်းမင်းရဲထွဋ်၊ အုပ်စိုးခန့်တို့နဲ့အတူ " အိပ်မက်တွေမိုးထားတဲ့အိမ်" ဇာတ်လမ်းတွဲလေးမှာ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ အခုလည်း နေခြည်ဦးက ရိုက်ကူးရေးပြုလုပ်နေတဲ့ဗီဒီယိုဖိုင်လေးကို တင်ပေးထားပါတယ်။

Photo Credit- Nay Chi Oo's FB
Photo Credit- Nay Chi Oo's FB
Photo Credit- Nay Chi Oo's FB
Photo Credit-Chan Min Ye Htut's IG

အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ရင် ပရိသတ်တွေအတွက် အမြဲတမ်းမျှဝေပေးလေ့ရှိတဲ့ နေခြည်ဦးက အခုလည်း ကြည်နူးစရာကောင်းတဲ့ဇာတ်ဝင်ခန်းလေးကိုဗီဒီယိုလေးရိုက်ပြီး တင်ပေးထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ နေခြည်ဦးနဲ့ ချမ်းမင်းရဲထွဋ်တို့က နားကြပ်ကို တစ်ဖက်စီတပ်ပြီး ကြည်နူးပျော်ရွှင်စွာ သီချင်းနားထောင်နေကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေခြည်ဦးနဲ့ ချမ်းမင်းရဲထွဋ်ရဲ့ ရိုက်ကွင်းဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Nay Chi Oo's FB & IG ,Chan Min Ye Htut's IG 

Photo Credit-Chan Min Ye Htut's IG
Photo Credit- Nay Chi Oo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။