ဒီတစ်ခေါက်မှာတော့ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ အမျိုးသမီးဇာတ်ဆောင်ဆုကို ထိုက်တန်စွာ ရရှိခဲ့ကြတဲ့ မင်းသမီးတွေကို ဖော်ပြပေးချင်ပါတယ်။

ပထမဆုံး ၂၀၁၀ ခုနှစ်မှာ အကယ်ဒမီရရှိခဲ့သူကတော့ သက်မွန်မြင့်ပဲ ဖြစ်ပါတယ်။ သက်မွန်မြင့်ကတော့ "အာဒံရယ် ဧဝရယ် ဒသရယ်" ဆိုတဲ့ ဇာတ်ကားနဲ့ ပရိသတ်အားပေးထောက်ခံမှုလည်း ရရှိခဲ့သလို အကယ်ဒမီဆုလည်း ရရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ပြည်သူချစ် မင်းသမီး မယ်လိုဒီက "ထာဝရအလင်းတန်းများ" ဇာတ်ကားနဲ့ အမျိုးသမီးထူးချွန်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ ပြည်သူချစ်မင်းသမီး ဖွေးဖွေးမှ "လက်ပံ" ဇာတ်ကားနဲ့ အကယ်ဒမီဆုရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ သူမရဲ့ ခေတ်ပြိုင်မင်းသမီး ဝတ်မှုန်ရွှေရည်က "နင်စေရင်" ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ထိုက်တန်စွာ ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ခိုင်သင်းကြည်မှ "ကောင်းကျိုးကိုယ်၌ တည်စေခြင်း" ဇာတ်ကားနဲ့ အကယ်ဒမီရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ရဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ ဖွေးဖွေးက "ကျွန်မက နှင်းဆီပါမောင်" ဇာတ််ကားနဲ့ ထပ်မံရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ ပရိသတ်တွေ မျှော်လင့်ခဲ့တာနဲ့ ထပ်တူကျပြီး ရရှိခဲ့သူကတော့ အကယ်ဒမီသက်မွန်မြင့် ( ချစ်လှစွာသော အမုန်း) ပဲ ဖြစ်ပါတယ်။

ကဲ သူငယ်ချင်းတို့ရေ လာမည့် ၂၀၁၇ ခုနှစ် အကယ်ဒမီရုပ်ရှင်ဆုပေးပွဲမှာလည်း ဘယ်သူက ဘယ်ဇာတ်ကားနဲ့ ဘာဆုတွေရမလည်းဆိုတာကို ရင်ခုန်စွာစောင့်စားကြရအောင်နော်…………

Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။