မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့အချစ်ကိုပါ သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားတတ်တဲ့ မေက အနေအထိုင် ယဉ်ကျေးသိမ်မွေ့ပြီး လုံလုံခြုံခြုံ ဝတ်စားဆင်ယင်တတ်သူလေးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မေက ဇာတ်လမ်းတွဲလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ဆက်တိုက်ရိုက်ကူးလာတာ တွေ့ရပါတယ်။

Photo Credit : May Myint Mo Facebook
Photo Credit : May Myint Mo Facebook

ဒါ့အပြင် မေပါဝင်သရုပ်ဆောင်ထားတဲ့ " မိုးပန်းပွင့်ရဲ့ သင်္ကေတ " ရုပ်ရှင်ဇာတ်ကားကြီးကလည်း အကယ်ဒမီဆန်ကာတင် (၂၅) စာရင်းမှာ ပါဝင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဘယ်လိုပဲဝတ်ဝတ်အရမ်းကို လိုက်ဖက်တဲ့ ခန္ဓာကိုယ်လှလှလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တဲ့အတွက်ယောက်ျားလေး ပရိတ်သတ်တွေသာမက မိန်းကလေး ပရိတ်သတ်တွေကပါ သဘောကျအားပေးခြင်းကိုခံနေရသူလေးဖြစ်ပါတယ်။

Photo Credit : May Myint Mo Facebook
Photo Credit : May Myint Mo Facebook

သူမဟာ အနုပညာအလုပ်တွေ တောက်လျှောက်လုပ်နေတယ်လို့လည်းသိရပါတယ်။လတ်တလောမှာလည်း မြင်သူတိုင်းကြွေသွားရလောက်အောင် ချစ်စရာ အရမ်းကောင်းပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ ပွဲတက်ပုံလေးကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးထဲမှာ မေကော အကုန်လုံး အရမ်းချစ်စရာကောင်းနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : May Myint Mo Facebook
Photo Credit : May Myint Mo Facebook

Source: May Myint Mo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။