ဟာသမင်းသမီးလေးအဖြစ် အားလုံးသိကြတဲ့ ဖြူဖြူထွေးကတော့ အမာခံပရိသတ်များစွာကို ပိုင်ဆိုင်ရရှိထားသူလေး ဖြစ်ပါတယ်။ ဟာသဗီဒီယိုလေးတွေနဲ့ ဇာတ်လမ်းတိုဗီဒီယိုလေးတွေ ရိုက်ကူးပြီး အောင်မြင်လာခဲ့တဲ့ ဖြူဖြူထွေးတစ်ယောက် သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေရပြီလည်း ဖြစ်ပါတယ်။ ဖြူဖြူထွေးက မင်းသမီးချော ဖွေးဖွေးတို့နဲ့အတူ "ရောသမမွှေ" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

ရိုးသားကြိုးစားတဲ့ ဖြူဖြူထွေးက ကြော်ငြာတွေ Photo Shooting တွေရိုက်ကူးပြီး နေ့တိုင်းမအားမလပ် ဖြစ်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖြူဖြူထွေးက သူမချစ်တဲ့ပရိသတ်တွေအတွက် ဟာသဗီဒီယိုလေးတွေနဲ့ Tik Tok လေးတွေကို မကြာခဏတင်ပေးနေတာလည်း ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက အဆိုတော်မနောနဲ့အတူ ရိုက်ကူးထားတဲ့ Tik Tok ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ မျှဝေထားပါတယ်။  

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

ဖြူဖြူထွေးက အဆိုတော် မနောနဲ့အတူ ရိုက်ကူးရေးပြုလုပ်ရင်း အခွီပုံစံလေးနဲ့ ဘေးကနေမျက်နှာလိုက်ပြောင်နေတာ ဖြစ်ပါတယ်။ ရုပ်ပြောင်လေးတွေလုပ်ပြထားတဲ့ ဖြူဖြူထွေးရဲ့ဟန်ပန်အမူအရာလေးတွေကတော့ အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးနဲ့ အဆိုတော်မနောတို့ရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Phyu Phyu Htwe's FB

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။