ပရိသတ်ကြီးရေ မင်းသမီးချောလေးသင်ဇာဝင့်ကျော်ကတော့ ဒီ‌နေ့လေးမှာဆိုရင် အသက်(၃၂)ပြည့်သွားတဲ့ မွေးနေ့ရှင်လေးပဲဖြစ်ပါတယ်နော်။သင်ဇာက သူမရဲ့မွေးနေ့လေးမှာ သရုပ်ဆောင်ကြူကြူသင်းရဲ့ ကော်ရည်ခေါက်ဆွဲကိုမှာပြီး အောင်ဇမ္ဗူဆရာတော်ကြီးနဲ့ကျောင်းရှိသံဃာအပေါင်းကို အာရုံဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Photo Credit:Nyi Sat Kyaw's Facebook
Photo Credit:Nyi Sat Kyaw's Facebook
Photo Credit:Nyi Sat Kyaw's Facebook

သင်ဇာကတော့ သူမရဲ့၃၂နှစ်ပြည့်‌မွေးနေ့လေးကို ကုသိုလ်တွေနဲ့စတင်ပြီး အေးချမ်းစွာဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။သင်ဇာ့ကိုချစ်ကြတဲ့ပရိသတ်တွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေကလည်း သူမရဲ့အလှူလေးမှာ ပါဝင်အားဖြည့်ပေးထားကြပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားကြတာဖြစ်ပါတယ်နော်။

Photo Credit:Nyi Sat Kyaw's Facebook
Photo Credit:Nyi Sat Kyaw's Facebook
Photo Credit:Nyi Sat Kyaw's Facebook

အခုဆိုရင်တော့ သင်ဇာ့ရဲ့မောင်အငယ်ဆုံးလေးက ကလေးဘဝကအမှတ်တရပုံရိပ်လေးတွေနဲ့အတူ "အမြဲတမ်းငယ်ရွယ်နုပျိုပြီးလန်းဆန်းတက်ကြွနေပါစေ"လို့ ချစ်မကြီးကို ဆုမွန်ကောင်းတောင်းပေးထားတာဖြစ်ပါတယ်။သင်ဇာတို့မောင်နှမတွေရဲ့ ငယ်ဘဝကချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nyi Sat Kyaw's Facebook
Photo Credit:Nyi Sat Kyaw's Facebook
Photo Credit:Nyi Sat Kyaw's Facebook

Photo Credit:Nyi Sat Kyaw's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။