ဆယ်ကျော်သက်ကောင်မလေးလို့ထင်မှတ်ရလောက်အောင် နူးညံ့ချောမွေ့လှပလွန်းတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးပါ။ သူမဟာ သရုပ်ဆောင်ဘက်တွင်သာမက အဆိုဘက်တွင်လည်း ထူးချွန်သူတစ်ယောက်ပါ။ သူမရဲ့သီချင်းလေးတွေဟာလည်း ပရိသတ်တွေကြားမှာ အမြဲတမ်းပျံ့လွင့်နေတာပါ။  

Photo Credit - Nannsu Yati Soe's Facebook
Photo Credit - Nannsu Yati Soe's Facebook
Photo Credit - Nannsu Yati Soe's Facebook

နန်းဆုဟာ အနုပညာအလုပ်တွေဘက်တွင် တော်တာမဟုတ်ပဲ အိမ်မှုကိစ္စများလည်း နိုင်နင်းလွန်းသူတစ်ယောက်ပါ။ တစ်ခါတစ်ရံ သူမရဲ့ဟင်းချက်နေတဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေထံ မကြာခဏ ဝေမျှလေ့ရှိသူပါ။ ပရိသတ်တွေကလည်း နန်းဆုရဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေကို တစ်နေ့ထက်တစ်နေ့ ချစ်မဝဖြစ်နေတာပါ။  

Photo Credit - Nannsu Yati Soe's Facebook
Photo Credit - Nannsu Yati Soe's Facebook
Photo Credit - Nannsu Yati Soe's Facebook

လတ်တလောမှာလည်း သူငယ်ချင်းတွေနဲ့အတူ မန္တလေးကို ရောက်ရှိနေတာပါ။ မကြာသေးခင်ကလည်း သူမရဲ့ Facebook Myday တွင် ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ မြန်မာ့တူရိယာတွေဖြစ်တဲ့ စည်းနဲ့ဝါးကို စည်းချက်ချချတီးပြနေတဲ့ နန်းဆုရတီစိုးရဲ့ Video လေးပါ။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit - Nannsu Yati Soe's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။