ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ ပီပြင်တဲ့ သရုပ်ဆောင်မှုလေးတွေကြောင့် ပရိသတ်ရင်ထဲ ရောက်ရှိခဲ့သူလေးကတော့ မင်းသမီးချောလေးရွှေသမီးပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် ပွင့်လင်းပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့ စကားပြောဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေကအမြဲအချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်နော်..။


Photo Credit - ရွှေသမီး ဖေ့စ်ဘွတ်
Photo Credit - ရွှေသမီး ဖေ့စ်ဘွတ်

ပရိသတ်တွေရဲ့အချစ်တော်လေး ရွှေသမီးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ပရိသတ်တွေကြား အရမ်းကိုရေပန်းစား လူပြောများခဲ့တဲ့ ခန့်စည်သူနဲ့အတူတွဲရိုက်ထားတဲ့ စုံတွဲပုံလေးနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်နော်..။

“တောက်ချလိုက်မယ်” ရုပ်ရှင်ဇာတ်ကားကြီး အတူရိုက်ကူးရင်း ပိုစတာအသစ်ပြန်ရိုက်တဲ့ အချိန်မှာ ရိုက်ဖြစ်သွားတာဖြစ်ပြီး ပရိသတ်တွေကြား အဲ့လောက်ကြီး ပေါက်သွားမယ်လို့ မထင်ဘူးဆိုပြီးတော့ ပြောပြထားတာပဲ ဖြစ်ပါတယ်..။


Photo Credit - ရွှေသမီး ဖေ့စ်ဘွတ်
Photo Credit - Kyaw Soe Win's Facebook

သူမက ဖေ့စ်ဘွတ်မသုံးတော့ အရမ်းပေါက်သွားတယ်ဆိုတာ မေမေလာပြောမှ သိရပြီး ကောင်မလေးမျက်နှာမမြင်ရတော့ ပရိသတ်တွေကတော့ အမျိုးမျိုး ထင်ကြေးပေးကြတာပါ ဆိုပြီးတော့လည်း ချစ်စဖွယ်လေး ပြောပြထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ စကားပြောပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ရွှေသမီးပြောပြထားတဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Kyaw Soe Win's Facebook
Photo Credit - ရွှေသမီး ဖေ့စ်ဘွတ်

Photo Credit - ရွှေသမီး ဖေ့စ်ဘွတ် & Kyaw Soe Win's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။