မင်းသားချော နိုင်းနိုင်းကတော့ ယောက်ျားပီသပြီး ချောမောခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေ အသည်းစွဲချစ်ခင်အားပေးရတဲ့ နိုင်းနိုင်းက အခုချိန်အထိ အားလုံးရဲ့အချစ်တွေကို ရရှိထားဆဲ ဖြစ်ပါတယ်။ နိုင်းနိုင်းက ကလေးလေးယောက်ရဲ့ဖခင်လို့ မထင်ရလောက်အောင် ရုပ်ရည်ရူပါကလည်း အရွယ်တင်နုပျိုနေဆဲ ဖြစ်ပါတယ်။

Photo Credit- Actor 99's FB
Photo Credit- Actor 99's FB

အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေတဲ့ နိုင်းနိုင်းက မိသားစုနဲ့ခဏတာခွဲခွာပြီး မြန်မာနိုင်ငံမှာနေထိုင်နေတာ ဖြစ်ပါတယ်။ နိုင်းနိုင်းက ပရိသတ်တွေအတွက် သူ့ရဲ့လှုပ်ရှားမှုတွေကို အမြဲမျှဝေပေးလေ့ရှိပြီး အခုလည်း ပွဲအခမ်းအနားလေးတစ်ခုကို ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရလေးတွေကို မျှဝေခဲ့ပါတယ်။ နိုင်းနိုင်းက မသန်စွမ်းသူများအထိမ်းအမှတ်ပွဲကိုတက်ရောက်ပြီး အားလုံးကိုပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit- Actor 99's FB
Photo Credit- Actor 99's FB
Photo Credit- Actor 99's FB

ဒါကြောင့် နိုင်းနိုင်းက " အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများအထိမ်းအမှတ်ပွဲသို့ တက်ရောက်အားပေးဖြစ်ခဲ့ပါသည်။ မသန်ပေမယ့် စွမ်းကြသောသူများသည် လောကကြီးကို အန်တုနိုင်သော တစ်ကယ့်လူစွမ်းများဖြစ်ကြပါသည်။ ကျွန်တော်ရောက်သွားသောအခါ ဝိုင်းပြီးနှုတ်ဆက်ကြ၊ ဓာတ်ပုံများလည်းရိုက်ကြနဲ့ ထိုသူများကို ခဏတာပျော်ရွှင်အောင်လုပ်ခဲ့ရတဲ့အတွက် ရင်ထဲမှာ ပီတိများဖြစ်ခဲ့ရပါတယ်... မသန်ပေမယ့်စွမ်းကြသူများသည် စိတ်သဘောများဖြူစင်ကြတာတော့ အသေအချာပါပဲ...ချစ်သောပရိသတ်ကြီးရေ...." ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Photo Credit- Actor 99's FB 

Photo Credit- Actor 99's FB
Photo Credit- Actor 99's FB
Photo Credit- Actor 99's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။