ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်ကတော့ သရုပ်ဆောင်မင်းသား ခန့်စည်သူပဲ ဖြစ်ပါတယ်..။

ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျင်ပိုင်နိုင်လွန်းတာကြောင့် အကယ်ဒမီထူးချွန်ဆုတွေကို ရရှိထားသလို ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ယနေ့အချိန်ထိ ရပ်တည်လျှောက်လှမ်းနေသူလည်း ဖြစ်ပါတယ်..။


Photo Credit - Kyaw Soe Win’s Facebook
Photo Credit - Kyaw Soe Win’s Facebook

ဆယ်စုနှစ်တွေကတည်း အနုပညာလောကမှာ အောင်မြင်လာတဲ့ ခန့်စည်သူကတော့ အနုပညာလောကမှာ ရှေ့မှီနောက်မှီဖြစ်ရတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူတဲ့အကြောင်းလေး ပြောပြထားသလို တစ်ယောက်နဲ့တစ်ယောက် မပုတ်ခတ် မစော်ကားပဲ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို သွားကြဖို့လည်း ပြောပြလာပါတယ်..။

မကြာခင်မှာ ရုံတင်ပြသတော့မယ့် “တောက်ချလိုက်မယ်” ရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကိုလည်း ပြောပြထားပြီး တစ်ယောက်နဲ့တစ်ယောက် မထိခိုက်၊ မပုတ်ခတ်၊ မစော်ကားပဲ ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနဲ့ပဲ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို မကျော်ပဲ မခွပဲ မနင်းပဲနဲ့ သွားကြဖို့လည်း တိုက်တွန်းပြောပြထားတာပဲ ဖြစ်ပါတယ်..။


Photo Credit - Kyaw Soe Win’s Facebook
Photo Credit - Kyaw Soe Win’s Facebook

“ထင်မြင်ချက်တော့ မပေးလိုပါဘူး ရှေ့မှီနောက်မှီဖြစ်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ် ကျွန်တော်တို့နိုင်ငံဆိုတာကလည်း အခက်အခဲတွေ ဒုက္ခတွေ ပြဿာနာတွေပေါင်းစုံ ရင်ဆိုင်နေရတဲ့နိုင်ငံပေါ့နော် တစ်ယောက်နဲ့တစ်ယောက်က မထိခိုက်ပဲ မပုတ်ခတ်ပဲ မစော်ကားပဲ ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနဲ့ပဲ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို တစ်ယောက်နဲ့တစ်ယောက် မကျော်ပဲ မခွပဲ မနင်းပဲနဲ့ သွားကြပါစို့လို့ ပြောချင်ပါတယ် ..” ဆိုပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ “တောက်ချလိုက်မယ်” ဇာတ်ကားလေးကြည့်ပြီးတော့ စိတ်ပင်ပန်းတာတွေပြေပျောက်မယ်ဆိုရင် ကျေနပ်ပါတယ်ဆိုပြီးတော့လည်း ပြောပြထားတဲ့ ခန့်စည်သူရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Kyaw Soe Win’s Facebook
Photo Credit - Kyaw Soe Win’s Facebook

Photo Credit - Kyaw Soe Win’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။