ဒါရိုက်တာမင်းသန့်မောင်မောင်ကတော့ နာမည်ကြီးဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် မင်းသမီးချော မေသန်းနုတို့ရဲ့သားလေးပဲ ဖြစ်ပါတယ်။ နိုင်ငံခြားမှာသွားရောက်ပြီး ပညာသင်ကြားခဲ့တဲ့ မင်းသန့်မောင်မောင်က တကယ့်ကိုထူးချွန်ထက်မြက်တဲ့ လူငယ်လေးတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုဆိုရင် မင်းသန့်မောင်မောင်က မြန်မာနိုင်ငံကိုပြန်လာပြီး ဒါရိုက်တာအဖြစ် ဇာတ်ကားတွေစတင်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

Photo Credit- Min Thant Mg Mg's FB
Photo Credit- May Than Nu-Ma Sint's FB
Photo Credit- May Than Nu-Ma Sint's FB

မကြာမီမှာလည်း မင်းသန့်မောင်မောင်နဲ့ ဖခင်စင်ရော်မောင်မောင်တို့တွဲဖက်ရိုက်ကူးထားတဲ့ " တိမ်တွေပေါ်ကပန်း " ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးရဲ့Red Carpet Show ပွဲကိုတော့ မနေ့ကကျင်းပပြုလုပ်ခဲ့ပြီး စင်ရော်မောင်မောင်၊မင်းသန့်မောင်မောင်၊မေသန်းနုနဲ့ အခြားအနုပညာရှင်တွေလည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မင်းသန့်မောင်မောင်က ချစ်ရတဲ့မေမေနဲ့အတူတွဲပြီး ပွဲတက်လာခဲ့တာပဲ ဖြစ်ပါတယ်  

Photo Credit- May Than Nu-Ma Sint's FB
Photo Credit- Min Thant Mg Mg's FB

မိဘတွေဂုဏ်ယူရတဲ့ သားလေးတစ်ယောက်အဖြစ်ရပ်တည်နေပြီဖြစ်တဲ့ မင်းသန့်မောင်မောင်အတွက် မိခင်ဖြစ်တဲ့မေသန်းနုကလည်း ဝမ်းသာနေရတာဖြစ်ပါတယ်။ မေသန်းနုက သားလေးမင်းသန့်မောင်မောင်ရဲ့လက်ကိုတွဲပြီး ပီတိဖြစ်နေတာလေးကလည်း ကြည်နူးဖို့ကောင်းနေတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် " တိမ်တွေပေါ်ကပန်း " ရုပ်ရှင်ဇာတ်ကားရဲ့ Red Carpet Show ပွဲကိုတက်ရောက်လာတဲ့ မေသန်းနုတို့သားအမိရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Min Thant Mg Mg's FB & May Than Nu-Ma Sint's FB 

Photo Credit- Min Thant Mg Mg's FB
Photo Credit-Zin Yaw Mg Mg's FB
Photo Credit-Zin Yaw Mg Mg's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။