ရန်ကုန်ယူနိုက်တက်အသင်းကတော့ ရာသီဘောလုံးပွဲစဉ်တွေမှာလည်း အကောင်းဆုံးခြေစွမ်းတွေပြသနိုင်တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ကစားသမားကောင်းများစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီပရိသတ်တွေအတွက်ရလဒ်ကောင်းများကိုစွမ်းဆောင်ပေးနိုင်ခဲ့ပါသေးတယ်။ရန်ကုန်ယူနိုက်တက်အသင်းကတော့ လာမဲ့ရာသီပွဲစဉ်တွေအတွက် လေ့ကျင့်ပြင်ဆင်မှုတွေကိုအကောင်းဆုံးလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

Source & Photo Credit - Yangon United FC
Source & Photo Credit - Yangon United FC
Source & Photo Credit - Yangon United FC

ယခုဆိုရင်တော့ရန်ကုန်ယူနိုက်တက်အသင်းရဲ့အားထားရတဲ့ နောက်တန်းကစားသမား နန်းဝေမင်း ကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလမှစတင်ပြီး အသင်းမှထွက်ခွာခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းနှင့် လက်တွဲစဉ်တစ်လျှောက်တွင် ကြိုးစားစွမ်းဆောင်ပေးခဲ့မှုများကို အသိအမှတ်ပြုပါကြောင်းနှင့် ရှေ့ဆက်မည့်အနာဂတ်တွင်လည်း အောင်မြင်မှုများရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Source & Photo Credit - Yangon United FC
Source & Photo Credit - Yangon United FC


ရန်ကုန်ယူနိုက်တက်အသင်း မှထွက်ခွာခွင့်ပြုလိုက်တဲ့ နောက်တန်းကစားသမား နန်းဝေမင်းကလည်း ကစားခဲ့တဲ့ပွဲစဉ်တွေမှာအကောင်းဆုံးခြေစွမ်းပြနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။အသင်းမုထွက်ခွာခွင့်ပြုလိုက်ပြီးဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့နောက်တန်း ကစားသမားဖြစ်တဲ့ နန်းဝေမင်းကို ဆုမွန်ကောင်းတွေပေးအပ်ရင် ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။