ပရိသတ်ကြီးရေ.. Myanmar Idol ပြိုင်ပွဲကြီးကတော့ ပြိုင်ပွဲ စတင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားအာရုံစိုက်မှုတွေကို အများဆုံးရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ သီချင်းဆိုပြိုင်ပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်နော်..။

အမိုက်စား အသံပါဝါကောင်းကောင်းလေးတွေအပြင် တေးသီချင်းမျိုးစုံကို ပိုင်နိုင်ကျွမ်းကျင်စွာ သီဆိုယှဉ်ပြိုင်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားကြတဲ့ Myanmar Idol အဖွဲ့သား ပရိသတ်အချစ်တော်လေးတွေကိုတော့ အားလုံးပဲ သိကြမှာပါနော်..။


Photo By Myanmarload
Photo By Myanmarload

အခုတစ်ခါမှာတော့ Myanmar Idol Top Finalist (၆) ယောက်ကတော့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပြပွဲကိုတက်ရောက်ရင်း ပြိုင်ပွဲအကြောင်းလေးတွေနဲ့ Live လွှင့်ရင်း မထင်မှတ်ပဲ မူးလာသီချင်းလေးဆိုခဲ့တဲ့ အကြောင်းလေးကို အတူခွီရင်း ပြောပြလာပါတယ်..။

Bottom ထိုင်ခဲ့ရတဲ့ အတွေ့အကြုံခံစားချက်လေးတွေအပြင် ပြိုင်ပွဲမှာ အခက်အခဲတွေနဲ့ ကြိုးစားပြင်ဆင်နေကြတဲ့ အကြောင်းကိုလည်း ပြောပြထားသလို ပရိသတ်တွေ သဘောကျရေပန်းစားခဲ့ပြီး ဖေ့စ်ဘွတ်မှာ Live လွှင့်ပြီးတော့ မူးလာသီချင်းလေးဆိုခဲ့တဲ့ အကြောင်းလေးကိုလည်း ရယ်မောပျော်ရွှင်ပြီး ပရိသတ်တွေကိုပြောပြထားတာ ဖြစ်ပါတယ်..။


Photo By Myanmarload
Photo By Myanmarload

Live လွှင့်ပြီးတော့ မူးလာဆိုခဲ့တဲ့ သီချင်းလေးကိုလည်း အက်စတာ ၊ အေးမြဖြူနဲ့ နော်စေးစေးထူးတို့ကလည်း သုံးယောက် သံပြိုင်ဆိုပြရင်း ရယ်မောပျော်ရွှင်စွာ ခွီးနေကြပြန်ပါသေးတယ်နော်..။

“တိမ်တွေပေါ်ကပန်း” ဇာတ်ကားကြီးကလည်း ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်ပြီးတော့ အရမ်းကို လေးစားခဲ့ရတဲ့ အနုပညာရှင်တွေအပြင် ကိုရီးယားမင်းသားလည်းပါပြီး တောင်ပေါ်ချင်းရဲ့ သဘာဝအလှတွေလည်းပါလို့ မောင်နှမခြောက်ယောက်လုံး အရမ်းကြည့်ချင်ပါတယ်ဆိုပြီးတော့လည်း ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။