Call Of Duty : Mobile ဟာဆိုရင် ခုချိန်မှာတော့ တော်တော်လေးကို ဆော့နေကောင်းပြီးဖြစ်ပါတယ်။ ပေးတဲ့ဆုတွေကလဲ Season 2 မှာဆိုရင် Season 1 ထက်ပိုများလာပါတယ်။ ကိုယ့်အနေနဲ့ Premium battle pass တွေ Skin သေတ္တာတွေလိုက်ဝယ်စရာမလိုပဲ သေနတ်တွေ Skin တွေကို ကောင်းကောင်းကြီးပေးနေပါတယ်။ Zombie Mode ဟာဆိုရင်လဲ လူတွေဆော့သထက်ဆော့လာကြပါပြီ။  

အဲ့ Zombie Mode ထဲမှာဆိုရင်တော့ Easter Egg တွေပါဝင်ပါတယ်။ Easter တွေကို အညွှန်းကပြထားတဲ့အတိုင်း လုပ်ရင် Boss ဟာပြောင်းသွားမှာဖြစ်ပါတယ်။ အခုဆိုရင်အဲ့ဒီ သစ်ပင် Boss ကြီးရအောင် ဖော်တဲ့ Easter Egg တွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။ ပထမဆုံးရှာရမှာကတော့ ဓာတ်လှေကားပြင်ဖို့အတွက် စက်ပစ္စည်းနှစ်ခုပဲဖြစ်ပါတယ်။ အာ့တွေကတော့ ကိုယ်ရောက်နေတဲ့ အိမ်ထဲမှာပဲရှာတွေ့နိုင်ပါတယ်။ နောက်တစ်ဆင့်ကတော့ ဖိုင်တစ်ခုကိုဖတ်ရမှာဖြစ်ပါတယ်။ အဲ့မှတ်စုကတော့ ဓာတ်လှေကားအောက်ရောက်ပြီး ဘယ်ဘက်အခန်းရဲ့ ခုံပေါ်မှာရှိပါတယ်။ 

အဲ့မှတ်စုကိုဖတ်ပြီးရင်တော့ ပုံမှာပြထားတဲ့အခန်းထဲမှာ အပင်၃ပင်ရှိတဲ့ဘက်က ပထမအပင်နဲ့ တတိယအပင်ကိုပစ်ပါ။နောက်ပြီးရင် ဆန့်ကျင်ဘက်မှာ အပင်တစ်ပင်ပဲရှိပါလိမ့်မယ်။ အာ့ကိုပစ်ပြီးရင် စောနက မပစ်ခဲ့တဲ့ ဒုတိယအပင်ကိုပစ်ပါ။ ဒါတွေကို အစဉ်လိုက်ပစ်ရမှာဖြစ်ပါတယ်။ အဲ့လိုပစ်ပြီးတဲ့အခါအခန်းအပြင်ကိုထွက်ပြီး PDW-57 ရှိတဲ့သေနတ်ခန်းထဲက စက်မှာအနီးရောင်မီးလေးလင်းနေတာကိုတွေ့ရပါလိမ့်မယ်။ အာ့ကိုနှိပ်ပြီးရင်တော့ Boss က သစ်ပင်သရဲအဖြစ်သို့ပြောင်းသွားပါလိမ်မယ်။ အဲ့သစ်ပင်သရဲက ပထမ Boss ထက်ပိုကြမ်းပြီး သွေးနှစ်ထပ်ရှိပါတယ်။ အဲ့ Easter Egg တွေကိုလဲ Normal Raid မှာရှာမရပါဘူး။ Hardcore Mode မှာပဲရှာလို့ရမှာပါ။ ကျန်တဲ့ Easter Egg တွေကိုတော့ နောက်မှ ဖော်ပြသွားပါမယ်။  

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။