ပြည်သူပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ အဆိုတော်မလေးပိုပိုကတော့ သူမရဲ့အသံချိုချိုလေးအပြင် အမိုက်စားသီချင်းလေးတွေနဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသူလေးပဲ ဖြစ်ပါတယ်နော်..။

တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲရောက်ရှိလာတဲ့ အဆိုတော်မလေး ပိုပိုကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို သူမရဲ့ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ ပွင့်လင်းပြီး ဟန်ဆောင်မှုကင်းတဲ့ စကားပြောဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေက သူမကို အမြဲအချစ်ပိုနေကြရတာဆိုလည်း မမှားပါဘူး..။


Photo Credit - ပိုပို Facebook
Photo Credit - ပိုပို Facebook

ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပိုပိုကတော့ သူမကို အရမ်းချစ်တဲ့လူရှိနေပြီး ယူတော့မှပဲ ပရိသတ်တွေကို အလင်းပြတော့မယ်ဆိုပြီး သူမရဲ့အချစ်ရေးလေးအကြောင်းကို ပြောပြလာပါတယ်..။

သူမတွဲသမျှယောကျ်ားလေးတွေအကုန်လုံးက အသားဖြူ အရပ်ရှည်ပြီး မျက်ခုံးကောင်းကောင်းနဲ့ ချောလည်းချောကြတဲ့ အဆင်လေးတွေပဲများသလို ဘယ်လိုယောကျ်ားမျိုးပဲယူယူ သူမကို ချစ်မြတ်နိုးဂရုစိုက်ပြီး အရိပ်တကြည့်ကြည့် ချစ်နေမယ့် ယောကျ်ားမျိုးကိုပဲ ရွေးချယ်မယ်ဆိုပြီးတော့ ပြောပြထားတာပါ..။


Photo Credit - ပိုပို Facebook
Photo Credit - ပိုပို Facebook

“ယောကျ်ားယူမယ်လို့တော့ စဉ်းစားတယ် ငါဒီတိုင်းတော့ တစ်ယောက်တည်းနေလို့တော့ မရဘူး (၃၀)ကျော်ရင်တော့ ယူတော့ယူချင်ပါတယ် ကံကြမ္မာပေါ့နော် ကိုယ်က ယောကျ်ားယူချင်တယ်ပြောပြီး မရတာတော့ မတတ်နိုင်ဘူး.. အဓိကကတော့ ဘယ်လိုယောကျ်ားမျိုးပဲ ယူယူ ကိုယ့်ကိုချစ်ရမယ် ဂရုစိုက်ရမယ် ကိုယ်မှကိုယ်ဖြစ်နေရမယ် ကိုယ်ပြောတာ နားထောင်ရမယ် အရိပ်တကြည့်ကြည့်လေးကြည့်ပြီး ချစ်နေတဲ့ ယောကျ်ားမျိုးကို ရွေးချယ်မှာ နှလုံးသားနဲ့ပဲ ရွေးမှာ မေတ္တာငတ်နေတော့ သူများစီက မေတ္တာတွေ အချစ်တွေလိုချင်တာ ကိုယ့်ကို အရမ်းချစ်တဲ့လူ ရှိနေပြီ ပရိသတ်တွေကိုတော့ ယူတော့မှ အသိပေးမယ်..” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ ပရိသတ်တွေအားလုံးသိချင်နေကြတဲ့ အချစ်ရေးလေးအကြောင်းပြောပြထားတဲ့ အဆိုတော်ပိုပိုရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်တာမို့ ကျေနပ်သဘောကျလိမ့်မယ်လို့ ထင်ပါတယ်နော်..။

Photo Credit - ပိုပို Facebook
Photo Credit - ပိုပို Facebook

Photo Credit - ပိုပို Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။