ရန်ကုန်ယူနိုက်တက်အသင်းကတော့ ရာသီဘောလုံးပွဲစဉ်တွေမှာလည်း အကောင်းဆုံးခြေစွမ်းတွေပြသနိုင်တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ကစားသမားကောင်းများစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီပရိသတ်တွေအတွက်ရလဒ်ကောင်းများကိုစွမ်းဆောင်ပေးနိုင်ခဲ့ပါသေးတယ်။ရန်ကုန်ယူနိုက်တက်အသင်းကတော့ လာမဲ့ရာသီပွဲစဉ်တွေအတွက် လေ့ကျင့်ပြင်ဆင်မှုတွေကိုအကောင်းဆုံးလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

Photo Credit - Yangon United FC
Photo Credit - Yangon United FC

လာမည့် ၂၀၂၀ ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် တတိယမြောက်ခြေစမ်းပွဲအဖြစ် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဒီဇင်ဘာလ ၅ ရက်နေ့၊ နံနက် ၇:၃၀ နာရီ၊ ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။ယခင်ယှဉ်ပြိုင်ကစားခဲ့တဲ့ ရခိုင်ယူနိုက်တက်အသင်း နှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့နှင့် ပွဲစဉ်များတွင် ရန်ကုန်အသင်းက ၄-၂၊ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit -Yangon United FC

ရန်ကုန်ယူနိုက်တတ်အသင်းဟာ ပြီးခဲ့တဲ့ အမှတ်ပေးရာသီမှာ ရှမ်းယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်အသင်းတို့ရဲ့ အောက်အဆင့်၃မှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တတ်အသင်းကတော့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဖလားမှာ အမှတ်ပေးချန်ပီယံဖြစ်တဲ့ ရှုမ်းယူနိုက်တတ်အသင်းကို အနိုင်ယူကာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဖလားကို ရရှိခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဒီဇင်ဘာလ ၅ရက်နေ့မှာ ကစားကျမဲ့ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ဟံသာဝတီယူနိုက်တက်အသင်း တို့ပွဲစဉ်ကိုပရိသတ်တွေအတွက် သတင်းကောင်းပေးလိုက်ပါတယ်။ 

Source - Yangon United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။