ပရိသတ်ကြီးရေ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)ကတော့ အနုပညာရှင်တွေအားကိုးအားထားပြုရတဲ့ Professional မိတ်ကပ်ပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ညီညီမောင်ကို ပရိသတ်တွေကတော့ သုသုလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သုသုရဲ့ချစ်စရာအမူအရာလေးတွေနဲ့ ပွင့်လင်းရိုးသားတဲ့စိတ်ထားလေးတွေကို ပရိသတ်တွေက အရမ်းချစ်ကြတာဖြစ်ပါတယ်။

Photo Credit:Nyi Nyi Maung's Facebook
Photo Credit:Nyi Nyi Maung's Facebook
Photo Credit:Nyi Nyi Maung's Facebook

ညီညီမောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးလည်းရိုက်ကူးထားပြီး ဖိတ်ကြားလာတဲ့ပွဲအခမ်းအနားတွေကိုလည်းတက်ရောက်နေတာကိုတွေ့ရပါတယ်နော်။သူငယ်ချင်းတွေနဲ့ အမြဲတမ်းပျော်ပျော်ပါးပါးနေထိုင်ပြီး စနောက်တတ်တဲ့သုသုက ချစ်စမွှေးလေးပါလို့ လူချစ်လူခင်လည်းပေါများပါတယ်။သုသုကတော့ တစ်နေ့တစ်ခြားပိုပိုလှလာပြီး လှသထက်လှအောင်လည်း ဂရုစိုက်နေထိုင်တတ်တဲ့သူတစ်ယောက်ပါနော်။

Photo Credit:Nyi Nyi Maung's Facebook
Photo Credit:Nyi Nyi Maung's Facebook

လက်တလောမှာလည်း သုသုကအထက်မြန်မာပြည်ကို ရိုက်ကူးရေးအတွက်ရောက်ရှိနေတာဖြစ်ပါတယ်။ဇာတ်ကောင်စရိုက်ပီပြင်ဖို့အတွက် ခေါင်းအစခြေအဆုံးသေချာပြင်ဆင်ပြီး ရိုက်ကူးနေတာဖြစ်ပါတယ်။အလှူအတန်းဆိုလည်း တတ်နိုင်သလောက်ကုသိုလ်ယူတတ်တဲ့ သုသုက အခုဆိုရင်တော့ ပုပ္ပါးကဘုန်းကြီးကျောင်းမှာ တတ်နိုင်သလောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Nyi Nyi Maung's Facebook
Photo Credit:Nyi Nyi Maung's Facebook
Photo Credit:Nyi Nyi Maung's Facebook

Photo Credit:Nyi Nyi Maung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။