ပရိသတ်ကြီးရေ မင်းသမီးချောလေးစိုးမြတ်နန္ဒာကတော့ တစ်ခေတ်တစ်ခါကတည်းက ချစ်မကြီးစိုးမြတ်သူဇာနဲ့အတူ အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့ပြီး ပြည်သူချစ်မင်းသမီးလေးဖြစ်လာခဲ့ပါတယ်။ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ပိုင်ဆိုင်ထားဆဲပါ။

Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook

စိုးမြတ်နန္ဒာကိုတော့ အများက"ဒါဒါ"လို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး တစ်ခေတ်တစ်ခါမှာ သူမရဲ့ဆံပင်စတိုင်လ်ကအစ ခေတ်စားခဲ့တာဖြစ်ပါတယ်။စိတ်ထားလေးလည်းဖြူစင်မွန်မြတ်ပြီး ဘာသာရေးကိုလိုက်စားတာကြောင့် သူမရဲ့မျက်နှာလေးကလည်းကြည်လင်ဝင်းပပြီး ပိုလှနေတာပေါ့နော်။ငယ်ငယ်တုန်းက‌တော့ အရမ်းချစ်စရာကောင်းခဲ့ပြီး ယခုချိန်မှာဆိုရင် ကျက်သရေရှိစွာလှပနေတာဖြစ်ပါတယ်။

Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook

စိုးမြတ်နန္ဒာရဲ့ငယ်ဘဝပုံရိပ်လေးတွေဟာဆိုရင်လည်း တစ်ခေတ်ကလွမ်းမောချင်စရာကောင်းလောက်ပါတယ်နော်။အခုဆိုရင်တော့ စိုးမြတ်နန္ဒာရဲ့မိခင်က"ပထမဆုံး မော်ဒယ်ခေတ်ဦးအစက သူငယ်ချင်းလေးများ အေးသီတာ မြရွှေဝါ ပပဝင်း စိုးမြတ်နန္ဒာ"ဆိုပြီး သမီးငယ်လေးရဲ့ချစ်စရာပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook

Photo Credit:Soe Kyi Phyu's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။