စူစူလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး အိချောပိုဟာ အနုပညာပျိုးခင်းမှစကာ အနုပညာဆလာကထဲကို ရောက်ရှိလာသူပါ။ သူမရဲ့သရုပ်ဆောင်မှုတွေဟာလည်း တစ်ကားထက်တစ်ကားပိုပိုပြီး တိုးတက်လာတာကြောင့်လည်း အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ ကြယ်ပွင့်လေးတစ်ပွင့် အဖြစ် ရပ်တည်နေတာပါ၊ 

Photo Credit- Ei Chaw Po’s Facebook
Photo Credit- Ei Chaw Po’s Facebook
Photo Credit- Ei Chaw Po’s Facebook

စူစူဟာ သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက်စာမျက်နှာတွင်အမြဲဝေမျှလေ့ရှိသူပါ။ မကြာသေးခင်ကလည်း နောက်ထပ်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဆံပင်ပုံစံအသစ်ပြောင်းထားတဲ့ ပုံရိပ်လေးတွေ တင်ထားတာပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

Photo Credit- Ei Chaw Po’s Facebook
Photo Credit- Ei Chaw Po’s Facebook
Photo Credit- Ei Chaw Po’s Facebook

အခုမှာလည်း သူမရဲ့ Facebook Myday လေးမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ အခုလက်ရှိရိုက်ကူးနေတဲ့ " မာယာရထားမောင်းတဲ့ မိန်းမ " ဇာတ်ကားကြီးရိုက်ကွင်းနောက်ကွယ်ကချစ်ရတဲ့ စီနီယာအမနဲ့ထက်ထက်မိုးဦးနဲ့အတူရိုက်ကူးထားတဲ့ ဗီဒီယိုလေးပါ။ ပရိသတ်ကြီးအတွက် စူစူရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Credit- Ei Chaw Po’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။