ပြေတီဦးကတော့ အမေများနေ့မှာမေမေဖတ်ဖို့ဆိုပြီး စာတစ်စောင်အမှတ်တရရေးပေးလိုက်ပါတယ် ။

အမေအပေါ်အလေးထားတဲ့ ပြေတီဦးရဲ့ စိတ်ထားလေးကို ဒီစာလေးဖတ်ရုံနဲ့ မြင်သာစေပါလိမ့်မယ် ...

သူ့အမေကို ဘာတွေပြောထားလဲ ကြည့်ကြည့်ရအောင် ...

============================

မေမေဖတ်ဖို့....

- သားကိုလူ့လောကထဲကို ဝင်လာခွင့်ပြုခဲ့လို့ ကျေးဇူးပါ

မေမေ...

-ငယ်ငယ်ကလေးထဲက အဆော့သန်တဲ့သားကို

လေးနှစ်သားလောက်ထဲက စာတွေအတင်းသင်ခဲ့တယ်

သူငယ်တန်းတက်တဲ့အချိန်မှာ ပထမတန်း စာတွေပါရနေ

ခဲ့ပြီလေ...အဲဒီအချိန်တွေတုန်းက စာတွေအတင်းသင်လို့ စိတ်ဆိုးခဲ့မိပေမယ့် တစ်နှစ် တစ်တန်းကို အဆင့်ကောင်းကောင်းနဲ့ အောင်ခဲ့တာ မေမေ အပင်ပန်းခံပြီး သင်ခဲ့လို့ဆိုတာ အရွယ်ရောက်မှ နားလည်ခဲ့ရတယ် အဲဒီအတွက်ကျေးဇူးပါ မေမေ...

- ငယ်ငယ်ကတည်းက တစ်ချက်မှ မရိုက်ခဲ့ပေမယ့် ဆုံးမစ

ကားတွေကို နားညည်းတဲ့အထိ ပြောတတ်လို့ စိတ်တွေညစ်

ခဲ့ရပေမယ့် အဲဒီစကားတွေ နားထဲစွဲနေလို့ ဆုံးမမဲ့သူမရှိပဲ တစ်ယောက်ထဲ ဘဝကိုဖြတ်သန်း နေရတဲ့ အချိန်တွေမှာတောင် ကိုယ့်ကိုယ်ကို မပျက်စီးအောင် ထိန်းနိုင်ခဲ့အတွက်လည်း ကျေးဇူးပါ မေမေ...

-ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုတဲ့ စကားပုံရဲ့အဓိပ္ပါယ်

ကို အခါပေါင်းများစွာ ပြောပြခဲ့တဲ့အတွက် သားဟာ ကိုလို

ခြင်တဲ့ ကိုဖြစ်ခြင်တဲ့ အရာတစ်ခုအတွက် နောက်ဆုံးအချိန်

ထိ ကုပ်ကပ်ပြီး ဇွဲကြီးကြီးနဲ့ ကြိုးစားတတ်တဲ့ အလေ့အကျင့်

ရခဲ့လို့ ကျေးဇူးပါမေမေ...

-လူတွေအားလုံးကို အကောင်းဘက်ကပဲ မြင်တတ်အောင်

ကိုယ့်အပေါ် မကောင်းတဲ့ သူအပေါ်မှာတောင် မေတ္တာနဲ့ခွင့်

လွှတ်ပြီး အကောင်းဘက်ကတွေးတတ်အောင် ပြောပြပေးခဲ့အတွက် ကျေးဇူးပါမေမေ...

-အမှားနဲ့မကင်းတဲ့လူ့ဘဝမှာ ယောကျင်္ားဆိုတာမှားရင် တောင်းပန်ရဲ ရတယ်ဆိုတဲ့ အသိကိုသားခေါင်းထဲ ထည့်ပေးခဲ့လို့

ကျေးဇူးပါမေမေ....

-ဘယ်လိုအဖြစ်အပျက်မျိုးမှာဖြစ်ဖြစ် သားကိုယုံကြည်ပြီး

အမြဲအားပေးခဲ့လို့ ဘဝကိုရှေ့ဆက်ဖို့ အင်အားတွေအမြဲ

တမ်းမေမေ့ဆီက ရခဲ့လို့ ကျေးဇူးပါမေမေ...

-သားဘဝမှာ သားကို အပြစ်တစ်ခါမှမပြောဘူးတဲ့ သူဟာ

မေမေတစ်ယောက်ထဲရှိတာမို့ ကျေးဇူးပါမေမေ....

-သားဘဝမှာ သားကို အခါခပ်သိမ်း နူးညံ့ချိုသာစွာ ပြောခဲ့တဲ့

အတွက်လည်း ကျေးဇူးပါမေမေ....

-သားဆီက လိုခြင်တာ ဘာတစ်ခုမှမရှိပဲ သားစိတ်ချမ်းသာ

ဖို့ကိုပဲ အမြဲလိုလားခွင့်ပြုပေးခဲ့တဲ့အတွက်ကျေးဇူးပါမေမေ..

-ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အချိန် ဘဝမှာ

အဓ္ဓိပါယ် အရှိဆုံးအလုပ်ဖြစ်တဲ့ မိဘကျေးဇူး ဆပ်ခွင့်ရ

အောင် အသက်ရှည်ရှည် နေပေးတဲ့အတွက်ကျေးဇူးပါ

မေမေ....

- မေမေရေ... နှစ်တွေအများကြီး အသက်ရှည်ပေးပါဦးနော်

မေမေ့ရဲ့ ဆုံးမစကားတွေ ထပ်ပြီးကြားခြင်သေးလို့ပါ...

Source : Pyay Tu Oo

အမေများနေ့ အမှတ်တရ...

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။