ပရိသတ်ကြီးရေ မင်းသမီးကြီးဒေါ်ခင်လေးဆွေရဲ့မြေးမလေးတစ်ယောက်ဖြစ်တဲ့ စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါကတည်းကအနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကြားမှာရေပန်းစားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ကြားကာလမှာတော့ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာသွားပြီး နိုင်ငံရပ်ခြားမှာခေတ္တအခြေချနေထိုင်ခဲ့ကြပြီး အခုဆိုရင်တော့မြန်မာပြည်မှာပဲမိသားစုတွေနွေးနွေးထွေးထွေးနဲ့ နေထိုင်နေကြပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook Page
Photo Credit:စမိုင်းလ် Smile's Facebook Page

စမိုင်းလ်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး ပွဲအခမ်းအနားတွေလည်းတက်ရောက်နေတာကြောင့် ပရိသတ်ကြီးနဲ့အမြဲတမ်းထိတွေ့နေရတာဖြစ်ပါတယ်။စမိုင်းလ်ရဲ့မိသားစုလေးကလည်း ရိုးရှင်းပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးဖြစ်တဲ့အပြင် သမီးလေးနှစ်ယောက်ကလည်း လိမ္မာရေးခြားရှိကာထူးချွန်ထက်မြက်ကြလို့ မိဘနှစ်ပါးအတွက်သမီးကောင်းရတနာလေးတွေကို ရရှိထားတာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook Page
Photo Credit:စမိုင်းလ် Smile's Facebook Page

အခုဆိုရင်တော့ သမီးငယ်လေးကလိုဝီလေးက ကျောင်းကပွဲမှာပါဝင်ထားတာကြောင့် မေမေစမိုင်းလ်တို့က ကျောင်းကိုသွားရောက်အားပေးကြပါတယ်။ကျောင်းကပွဲအပြီးမှာတော့ မိသားစုတွေစုံစုံလင်လင်နဲ့ ညစာအတူတူစားကြပြီး ပျော်ရွှင်ကြည်နူးနေကြတဲ့မိသားစုလေးယောက်ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:စမိုင်းလ် Smile's Facebook Page
Photo Credit:စမိုင်းလ် Smile's Facebook Page
Photo Credit:စမိုင်းလ် Smile's Facebook Page

Photo Credit:စမိုင်းလ် Smile's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။