အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်းနဲ့ ထိုင်းအမျိုးသမီးအသင်းတို့ရဲ့ ပွဲစဉ်ကို ယနေ့ ညနေ၆နာရီခွဲတွင် ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ကတော့ မကြာခဏတွေ့ဆုံခဲ့ဖူးတာကြောင့် ယနေ့ပွဲမှာ ဘယ်အသင်းအနိုင်ရမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

photo credit : MFF' s facebook
photo credit : MFF' s facebook

ကမ်စမ်း (ထိုင်းနည်းပြချုပ်)ကတော့ မြန်မာအသင်းနဲ့ ယနေ့မှာကစားရမှာနဲ့ ပတ်သက်ပြီး ဒီနေ့ ပွဲမှာ အကောင်းဆုံး ကြိုးစားမှာပါ ။ အာဆီယံအသင်းတွေ အားလုံး ကတိုးတက်လာတယ်။ မနက်ဖြန် အမှားနည်းအောင် အကောင်းဆုံးကြိုးစားမှာပါ။ ပြိုင်ဘက်ကို လျှော့မတွက်ဘဲ အကောင်းဆုံးယှဉ်ပြိုင်မှာပါ။

photo credit : MFF' s facebook
photo credit : MFF' s facebook

ဦးဝင်းသူမိုး (မြန်မာအသင်းနည်းပြချုပ်)ကတော့ ဆီမီးဖိုင်နယ်မှာ အသင်းသားတွေအားလုံးအစွမ်းကုန်ကြိုးစားမှာပါ။ ပြင်ဆင်မှုအနေနဲ့ ထိုင်းအသင်းကစားခဲ့တဲ့ပွဲတွေကို ပြန်ကြည့်ခဲ့တယ်။ နှစ်သင်းစလုံးမှာ အနိုင်ရဖို့ ၅၀-၅၀ ရာခိုင်နှုန်းစီ အခွင့်အရေးရှိပါတယ်။ ထိုင်းလိုအသင်းမျိုးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါဆိုပြီး ပြောထားခဲ့ပါတယ်။

source: MFF' s facebook

photo credit : MFF' s facebook
photo credit : MFF' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။