စာရေးဆရာမ ကြည်အေး ရဲ့ မီ ကိုပိုင်ဖြိုးသု ပုံဖော်သရုပ်ဆောင်ဖို့စီစဉ်နေတယ်လို့ကြားသိရပါတယ်။

နာမည်ကြီးစာရေးဆရာမကြီး ကြည်အေးရဲ့ မီ ဝတ္ထုကို သရုပ်ဆောင်ပိုင်ဖြိုးသုက သူမရဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ပုံဖော်ရိုက်ကူးဖို့ စီစဉ်နေတာပါ။ ဒါ့အပြင်အဆိုပါဝတ္ထုမှာပါဝင်တဲဲ့အဓိကဇာတ်ကောင် မီ ဖြစ်ဖို့အတွက်လည်းပြင်ဆင်ကြိုးစားနေတယ်လို့သိရပါတယ်။

" ဒီကားအတွက်အရမ်းလည်းရင်ခုန်တယ်၊ အဲဒီဝတ္ထုကိုညီမအရမ်းလည်းကြိုက်တယ်၊ အဲဒီထဲက အဓိကဇာတ်ကောင် မီနေရာကသရုပ်ဆောင်ချင်တယ်၊ အဲဒါကြောင့် အဲ့ဒီဝတ္ထုကိုဝယ်ပေးဖို့မေမေ့ကိုပူဆာပြီးတော့ မရမကလိုက်ရှာဝယ်ခဲ့တာပါ။

ဒီကားအတွက်ကအများကြီး ပြင်ဆင်ရမယ် ၊ မီ ဖြစ်ဖို့ ညီမအစွမ်းကုန်ကြိုးစားရမယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အမှန်တိုင်းပြောရရင် မီ ကာရိုက်တာက ညီမအပြင်က ကာရိုက်တာနဲ့ တော်တော်လေး ကို ခြားနားတယ်၊ သူက သူ့ကိုယ်သူသေတော့မယ်ဆိုတာသိတဲ့အတွက် လောကကြီးကိုအရွဲ့တိုက်ပြီး ဆေးလိပ်သောက်တယ် ၊ အရက်တွေလည်းသောက်တယ်၊ ညီမက အဒါတွေဘာမှမလုပ်တတ်ဘူး၊ အဲဒီအတွက် သင်ရမှာပေါ့နော်၊ ကားရိုက်ကာနီးရင် နိုက်ကလပ်တွေကအစ အကုန်လိုက်လေ့လာရမှာပေါ့၊ ဒီကားကို ဒီဇင်ဘာမှာစရိုက်မှာဖြစ်တဲ့အတွက် အဲဒီ တလလုံးကိုဘာကားမှလက်မခံတော့ဘဲနဲ့အဲဒီကားအတွက်ပဲ သေချာလေးစိတ်နှစ်ပြီးတော့ပြင်ဆင်သွားပါမယ်” လို့ ပိုင်ဖြိုးသုကပြောကြားခဲ့ပါတယ်။

မီ ဝတ္ထုကို ဗစ်တိုးရီးယား ထုတ်လုပ်ရေးမှာ စီစဉ်တင်ဆက်သွားမည့်ဖြစ်ပြီးယခုနှစ်

ဒီဇင်ဘာ မှစတင်ကာ ဒါရိုက်တာ ဏကြီး က စတင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ပါဝင်ကြမယ့် သရုပ်ဆောင်တွေကတော့ နေတိုး ၊ မင်းသွေး ၊ သားညီ၊ ပိုင်ဖြိုးသု နဲ့ အခြားအနုပညာရှင်များစွာ ပါဝင်မယ်လို့ သိရပါတယ်။

Source: မဟာမီဒီယာ

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။