ဘယ်ဖက်ရှင်မျိုးနဲ့မဆို ဝတ်လိုက်တာနဲ့အမြဲလိုက်ဖက်တင့်တယ်နေသူကတော့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပါ။ သင်ဇာဟာ ဗီဒီယိုဇာတ်ကားခေတ်မှစပြီး ယနေ့ချိန်ထိ အောင်မြင်မှုတွေသိမ်းပိုက်ရရှိထားသူတစ်ယောက်ပါ။ နောက်ပိုင်းမှာ ဇာတ်ကားတွေရိုက်ကူးမှုကျဲနေသော်လည်း ပရိသတ်တွေကတော့ အားပေးနေကြဆဲပါ။  

Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography

သူမရဲ့ပွဲတက်ဖက်ရှင်များဟာလည်း တစ်ပွဲနဲ့တစ်ပွဲမထပ်ရအောင်ကို ပွဲလာသူပရိသတ်တိုင်းကို ဆွဲဆောင်ထားနိုင်တာပါ။ မနေ့ကတော့ သင်ဇာရဲ့ ၃၂ နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပါ။ သူမရဲ့မွေးနေ့လေးကိုတော့ မှော်ဘီမြို့နယ်မှာတည်ရှိတဲ့ အောင်ဇမ္မူဘုန်းကြီးကျောင်းမှာ အာရုံဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တာပါ။ အခုမှာလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မွေးနေ့အမှတ်တရ ပုံရိပ်လေးတွေ တင်ထားတာပါ။

Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography

" မနေ့ကမွေးနေ့မှာ သင်ဇာအရမ်းပျော်ပါတယ်... လူ့လောကထဲရောက်အောင် ခေါ်ပေးပြီး သင်ဇာလုပ်ချင်သမျှကိုလုပ်ခွင့်ပေးခဲ့တဲ့ ဖေဖြေကီးနဲ့ မေမြေကီး ကိုအရမ်းကျေးဇူးတင်ပါတယ်... အရမ်းလဲချစ်မဝပါဘူး... မွေးနေ့ကိုအဓိပ္ပာယ်ရှိစွာ ဖြတ်သန်းခွင့်ပေးသောသူများ ပျော်ရွှင်အောင်လုပ်ပေးသောသူများ မွေးနေ့ဆုတောင်းပေးတဲ့ သင်ဇာ့မိသားစုများ ချစ်သောfan များ Zara လေးများ ချစ်သောမိတ်ဆွေအပေါင်းအသင်းများနဲ့ချစ်ခင်ရသောသူများ နဲ့ ချစ်သော media စာနယ်ဇင်းများ... နေ့ဆွမ်းဒံပေါက်အတွက် sponsor ပေးသော ပေါပြူလာ ဒံပေါက်နဲ့ သင်ဇာလှလှပပလေးဝတ်ဆင်နိုင်အောင် စီစဉ်ပေးတဲ့ designer Ko Nyein Ko... မွေးနေ့အကျွေးအမွေးအတွက် အစစအရာရာ စီစဉ်ပေးတဲ့ Ma Aye Thida တို့ကို အထူးကျေးဇူးတင်ပါတယ်... သင်ဇာ့မွေးနေ့ကို ကြွရောက် ပါဝင်အားဖြည့်ပေးသောသူများအားလုံးကိုလဲ အထူးကျေးဇူးတင်ပါတယ်... အားလုံးကျေးဇူးြကောင့် သင်ဇာ့ ၃၂ ပြည့်မွေးနေ့လေးဟာ အဓိပ္ပာယ်ရှိသွားခဲ့ပါတယ်... အားလုံးကိုချစ်ပါတယ် " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် သင်ဇာရဲ့ပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်။

Source - Thinzar Wint Kyaw's Facebook

Photo Credit - Amazing Grace Photography 

Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။