ရန်ကုန်ယူနိုက်တက်အသင်း၏ တတိယမြောက်ခြေစမ်းပွဲအဖြစ် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ယနေ့မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ဟံသာဝတီအသင်းကို ၄-၃ ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ရန်ကုန်အသင်းအတွက်ဂိုးများကို မောင်မောင်လွင် ၂ ဂိုး၊ ရန်ပိုင်စိုး နှင့် ထူးခန့်လွင် တို့က သွင်းယူပေးခဲ့ပါတယ်။

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

ဟံသာဝတီအသင်းအတွက် သက်အောင်၊ ဟိန်းထက်အောင် နှင့် ညီညီအောင် တို့က သွင်းယူပေးခဲ့ပါတယ်။၄၅ မိနစ် နှစ်ပိုင်းယှဉ်ပြိုင်ကစားခဲ့ပြီး ဝေလင်းအောင် (ဂိုး)၊ မင်းကျော်ခန့်၊ ခြေစမ်းရန်ရောက်ရှိနေသည့် နိုက်ဂျီရီးယားနိုင်ငံသား အဘူဘာကာကွန်ဂို၊ ပြည့်ဖြိုးဇော်၊ ဇာနည်ထက်၊ မောင်မောင်ဝင်း၊ ငြိမ်းချမ်းအောင်၊ မောင်မောင်လွင်၊ အောင်ကျော်နိုင်၊ အီစိုး နှင့် ဘာဖို တို့ပါဝင်လာခဲ့ပါတယ်။

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

၂၀၂၀ ဘောလုံးရာသီ အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ခြေစမ်းပွဲ သုံးပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်းကို ၄-၂၊ စစ်ကိုင်းယူနိုက်တက်အသင်းကို ၁-၀ နှင့် ဟံသာဝတီယူနိုက်တက်အသင်းကို ၄-၃ ဖြင့် အသီးသီအနိုင်ရရှိထားသည်။

source: Yangon United Football Club 's facebook 

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။