ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုပိုင်ဆိုင်လာတဲ့ မင်းသမီးချောလေးနေခြည်ဦးကတော့ အနုပညာလှုပ်ရှားမှုတွေခြေလှမ်းအရမ်းစိပ်နေပြီး ကြိုးစားလုပ်ကိုင်နေတာကိုတွေ့ရပါတယ်။ပရိသတ်တွေကလည်း ချီချီကို့တစ်ခဲနက်အားပေးဝန်းရံကြတာကြောင့် သူမရဲ့ကြိုးစားလုပ်ဆောင်မှုတွေကအရာထင်ခဲ့ပါတယ်နော်။လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေတာဖြစ်လို့ အလုပ်နဲ့လက်မပြတ်ပါဘူးနော်။

Photo Credit- Nay Chi Oo’s Facebook
Photo Credit- Nay Chi Oo’s Facebook
Photo Credit- Nay Chi Oo’s Facebook

ချီချီဟာ လတ်တလောမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေတာပါ။ သူမရဲ့ပရိသတ်တွေကလည်း ချီချီရဲ့တစ်နေ့ထက်တစ်နေ့အောင်မြင်မှုတွေကိုကြည့်ပြီး အားကျနေတာပါ။ လွန်ခဲ့တဲ့ နာရီပိုင်းကလည်း သူမရဲ့Facebook Myday လေးမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။

Photo Credit- Nay Chi Oo’s Facebook
Photo Credit- Nay Chi Oo’s Facebook
Photo Credit- Nay Chi Oo’s Facebook

ဒါကတော့ ရှုတင်အားတဲ့အချိန်လေးမှာ အမိုက်စားTik Tok လေးတစ်ခု ကစားထားတာပါ။ ဒါကတော့ တက်ကြွတဲ့ခြေလှမ်းများနဲ့ရဲဝံ့စွာလျှောက်လှမ်းလာပြီးဆံနွယ်လေးကိုခါရမ်းပြလိုက်တဲ့ ချီချီရဲ့Tik Tok Video လေးပါ။ ပရိသတ်တွေအတွက် ချီချီရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit- Nay Chi Oo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။