ပရိသတ်ကြီးရေ မင်းသမီးချောလေးဝတ်မှုံရွှေရည်ကတော့ နှစ်ထပ်ကွမ်းအကယ်ဒမီဆုရှင်လေးဖြစ်ပြီး ပြည်တွင်းမှာသာမက ပြည်ပမှာပါ အောင်မြင်ကျော်ကြားတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။မြန်မာပြည်မှာဆိုရင်လည်း ရွှေကစ်ကိုချစ်ကြတဲ့ ပရိသတ်တွေကအများအပြားရှိတာကြောင့် သူမရဲ့ Fans Meetingပွဲမှာဆိုရင်လည်း လူတွေအများကြီးနဲ့အရမ်းစည်ကားခဲ့ပါတယ်နော်။

Photo Credit:Wutt Hmone Shwe Yi's Facebook Page

ရွှေကစ်ကတော့ လက်ရှိမှာလည်းအနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး ပရိသတ်တွေနဲ့အလှမ်းမဝေးကွာသွားအောင်ကြိုးစားနေတာဖြစ်ပါတယ်။ရွှေကစ်လေးက အသက်၃၁နှစ်အရွယ်ဖြစ်ပေမယ့်လည်း နုပျိုခြင်းတွေက ဆယ်ကျော်သက်အရွယ်လေးလိုတက်ကြွလန်းဆန်းနေဆဲပါနော်။ခေါင်းအစခြေအဆုံး ငေးမောရလောက်အောင်လှပတဲ့ရွှေကစ်လေးကို မိန်းကလေးအချင်းချင်းတောင်အားကျရပါတယ်။

Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:Wutt Hmone Shwe Yi's Facebook Page

ရွှေကစ်လေးက"တိမ်တွေပေါ်ကပန်း"ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် ကျော်ထက်အောင် မေသန်းနုနဲ့ ကိုရီးယားမင်းသားချောလေး RyuSangWookတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။အခုဆိုရင်တော့ တိမ်တွေပေါ်ကပန်းရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet ပွဲကို ရွှေကစ်လေးက တက်ရောက်လာကာ ကိုရီးယားမင်းသားလေးနဲ့အတူချစ်စရာအမူအရာလေးတွေလုပ်ပြနေတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:Wutt Hmone Shwe Yi's Facebook Page

Photo Credit:Wutt Hmone Shwe Yi's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။