မြန်မာနိုင်ငံမှ အသက် ၂၀ -၂၈နှစ်အတွင်းရှိလူငယ်များသည် နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက်အထိကျင်းပပြုလုပ်မည့် TYF2017 အတွက် လျှောက်ထားနိုင်မည်ဖြစ်သည်။ အဆိုပါ TYF အစီအစဉ်သည် တစ်နှစ်ကြာမြင့်မည် ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ မေလတွင် ဘန်ကောက်မြို့၌ ဒုတိယအကြိမ် တွေ့ဆုံရမည့် အစီအစဉ်လည်းပါဝင်မည် ဖြစ်ပါသည်။ 

TYF လူငယ် ကိုယ်စားလှယ် လျှောက်ထားရန် လိုအပ်ချက်များ

• ၂၀၁၇ ခုနှစ်တွင် အသက် ၂၀ မှ ၂၈ နှစ်အတွင်းရှိရမည်။

• အင်္ဂလိပ်စာ ကျွမ်းကျင်စွာတတ်ကျွမ်းရမည်။

• မြန်မာနိုင်ငံသား ဖြစ်ရမည်။

• မိမိနေထိုင်ရာလူမှုအဖွဲ့အစည်းအတွင်းလူမှုရေး၊ စီးပွားရေး နှင့်/သို့မဟုတ် ပတ်ဝန်းကျင်အတွက် ပြောင်းလဲမှု များ ပြုလုပ်ရန်လိုလားသူ ဖြစ်ရမည်။ (ခိုင်လုံသောအတွေ့အကြုံရှိသူ ဖြစ်ရမည်။)

• တက္ကသိုလ်တက်ရောက်ဆဲသို့မဟုတ် အဆင့်မြင့်ပညာရေး ပြီးဆုံးအောင်မြင်ပြီးသူ ဖြစ်ရမည်။

• ကြီးမားသည့် အကြံဉာဏ်ရှိသူဖြစ်ပြီးပြောင်းလဲမှုများလုပ်ဆောင်ရန် ဆန္ဒရှိသူဖြစ်ရမည်။

ရွေးချယ်ခံရသောလူငယ်များအနေနှင့် အဆိုပါ TYF အစီအစဉ်တစ်လျှောက်လုံးတွင် ၎င်းတို့ အတွက် သတ်မှတ်ထားသောအဖွဲ့တွင် ပါဝင်သည့် အခြားရွေးချယ်ခံရသူများနှင့်အတူ ပျှမ်းမျှ သီတင်းတစ်ပတ်လျှင် ၂ နာရီဝန်းကျင်ခန့် အွန်လိုင်းမှတစ်ဆင့် စုပေါင်းအလုပ်လုပ်ကိုင်ရမည် ဖြစ်ပါသည်။ အရေးကြီးသည့် လူမှုရေးဆိုင်ရာစိန်ခေါ်မှုများအားဖြေရှင်းနိုင်မည့် ဒစ်ဂျစ်တယ် ဖြေရှင်းချက်များအားအဖွဲ့လိုက် ပူးပေါင်းအဖြေရှာဖော်ထုတ်ရန် ဒီဇင်ဘာ လ အစီအစဉ် တက်ရောက် ချိန်တွင် အဖွဲ့လိုက် ခေါင်းစဉ်များသတ်မှတ်ပေးထားမည် ဖြစ်ပါသည်။

Source: Telenor Myanmar

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။