တေးသီချင်းကောင်းလေးတွေနဲ့ အမိုက်စားအသံပါဝါတို့ကြောင့် ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာတဲ့ အနုပညာရှင်တွေကို ပြောရမယ်ဆိုရင်တော့ အားလုံးအချစ်တွေကို သိမ်းပိုက်ထားတဲ့ အဆိုတော်မလေး ဖြူဖြူကျော်သိန်းကတော့ မပါမဖြစ်ပါပဲ..။

အမိုက်စားအသံပါဝါအပြင် ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေ၊ အများနဲ့မတူ ကိုယ်ပိုင်စတိုင်လ် ဟန်ပန်၊ အမိုက်စားဖက်ရှင်ဒီဇိုင်းတွေကြောင့်လည်း ပရိသတ်တွေကြား ထင်ပေါ်ရေပန်းစားနေသူလေးဆိုလည်း မမှားပါဘူး..။


Photo Credit - Phyu Phyu Kyaw Thein’s Facebook
Photo Credit - Phyu Phyu Kyaw Thein’s Facebook

ပရိသတ်တွေရဲ့ အချစ်တော်လေး ဖြူဖြူကတော့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပြပွဲကို တက်ရောက်လာခဲ့ပြီး Bottom ထိုင်နေရတဲ့ ဂီတလောကကနေ ရုပ်ရှင်လောကကို ကြိတ်ပြီးအားကျနေရတဲ့အကြောင်းလေးတွေကို ပြောပြလာပါတယ်..။

ရုပ်ရှင်ကားတွေကို သိန်းထောင်ချီအကုန်ခံပြီး ထုတ်လုပ်ကြတာတွေကို မြင်ရကြားရတော့ Bottom ထိုင်နေရတဲ့ သူမတို့ ဂီတလောကကို သတိရမိကာ ဝမ်းနည်းမိတယ်ဆိုပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်..။


Photo Credit - Phyu Phyu Kyaw Thein’s Facebook
Photo Credit - Phyu Phyu Kyaw Thein’s Facebook

“ရုပ်ရှင်လောကကို ဂီတဘက်ကနေ ကြိတ်ပြီးအားကျနေရတာပါ အပြိုင်အဆိုင် ရုပ်ရှင်ကားတွေကို သိန်းထောင်ချီအကုန်ခံပြီးတော့ ထုတ်တယ်ဆိုရင် ဂီတလောကမှာလည်း ဟိုးအရင်တုန်းကလို တေးထုတ်လုပ်ရေးတွေကနေ သိန်းရာချီအကုန်ခံပြီးတော့ သီချင်းကောင်းတွေဝယ်ပြီး ထုတ်ပေးတယ်ဆိုတာမျိုးလေး ဖြစ်စေချင်တယ် Bottom ထိုင်နေရတဲ့ ကိုယ့်ရဲ့ဂီတလောကကို သွားပြီး သတိရမိတယ် ဝမ်းလည်းနည်းမိတယ် တစ်ဖက်ကလည်းကြိတ်ပြီး အားကျမိတယ် မုဒိတာလည်း ပွားပါတယ် ရုပ်ရှင်ဘက်မှာဆို သိန်းထောင်ချီ သောင်းချီပြီး ထုတ်နိုင်တယ်ဆိုတာ နည်းမှန်လမ်းမှန်နဲ့ ပြန်ရတယ်လေ သေချာကာကွယ်မှုလေးတွေ ရှိတယ်လေ မြန်မာပြည်သူပရိသတ်တွေကလည်း ရုပ်ရှင်ကို တအားချစ်ပြီး အားပေးကြတယ် ရုပ်ရှင်ချစ်ပရိသတ်အရမ်းများတယ်ပေါ့နော် အဲ့တော့ ငါတို့ဂီတလောကမှာလည်း အဲ့လိုဖြစ်ရင် သိပ်ကောင်းမှာပဲဆိုပြီး အားကျတာပေါ.” ဆိုပြီး ဖြူဖြူက ပြောပြထားတာပဲ ဖြစ်ပါတယ်..။

ရုပ်ရှင်လောကနဲ့ ဂီတလောကအကြောင်းလေးတွေကို ပြောပြထားတဲ့ ပရိသတ်အသည်းကျော်လေး ဖြူဖြူရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Phyu Phyu Kyaw Thein’s Facebook

Photo Credit - Phyu Phyu Kyaw Thein’s Facebook
Photo Credit - Phyu Phyu Kyaw Thein’s Facebook

Photo Credit - Phyu Phyu Kyaw Thein’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။