ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ဆီမီးအဆင့်သို့ တက်ရောက်သွားသည့် မြန်မာ့လက်ရွေးစင်ယူ-၂၂ အသင်းသည် လေ့ကျင့်ခန်းအစီအစဉ်များကို နေ့စဉ်ကြိုးစားလေ့ကျင့်နေတာဖြစ်ပါတယ်။ မြန်မာလက်ရွေးစင် ယူ-၂၂အသင်းကတော့ ဆီမီးဖိုင်နယ်ပွဲမှာတစ်ဖက်အသင်းကို အမှားကင်းပြီး ရလဒ်ကောင်းတွေရရှိအောင် လေ့ကျင့်ပြင်ဆင်မှုတွေပြုနေတာပဲဖြစ်ပါတယ်။

Source & Photo Credit - MFF
Source & Photo Credit - MFF
Source & Photo Credit - MFF
Source & Photo Credit - MFF
Source & Photo Credit - MFF

အုပ်စု (က) တွင် အုပ်စုဗိုလ်ဖြစ်ခဲ့သည့် မြန်မာယူ-၂၂ အသင်း အနေဖြင့် တစ်ဖက်အုပ်စု (ခ) မှ ဒုတိယရသည့် အသင်းနှင့် ဒီဇင်ဘာ (၇) ရက် မြန်မာစံတော်ချိန် မွန်းလွဲ (၂:၃၀ နာရီ)တွင် Rizal Memorial ကွင်း၌ ဆီမီးဖိုင်နယ်ပွဲ ကစားရမည်ဖြစ်သည်။ တစ်ဖက်အုပ်စုမှ အဆုံးအဖြတ်ပွဲစဉ်များမှာ ယနေ့ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး အင်ဒိုနီရှားက လာအိုနှင့်လည်းကောင်း၊ ဗီယက်နမ်က ထိုင်းနှင့်လည်းကောင်း ကစားကြမည်ဖြစ်သည်။

Source & Photo Credit - MFF
Source & Photo Credit - MFF
Source & Photo Credit - MFF
Source & Photo Credit - MFF
Source & Photo Credit - MFF

ဒီဇင်ဘာ (၇) ရက်နေ့မှာ မြန်မာလက်ရွေးစင် ယူ- ၂၂ အသင်းကတော့ တစ်ဖက်အုပ်စု(ခ) မှ ဒုတိယရမဲ့အသင်းနဲ့ယှဉ်ပြိုင်ကစားရမဲ့ပွဲစဉ်ကိုတော့ မြန်မာဘောလုံးချစ်ပရိသတ်တွေကလည်း အထူးစိတ်ဝင်စားမဲ့ပွဲကောင်းတစ်ပွဲလည်းဖြစ်ပါတယ်။ကဲ့ ပရိသတ်ကြီးရေး ဒီဇင်ဘာ (၇) ရက်နေ့ကစားရမဲ့ပွဲစဉ်ကိုကြိုတင်ရင်ခုန်ရင်း မြန်မာလက်ရွေးစင် ယူ- ၂၂ အသင်းရဲ့ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုတွေကို တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။