MPT Myanmar National League 2020 ရာသီမတိုင်မီ ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသော ဧရာဝတီယူနိုက်တက်အသင်းအနေဖြင့် အသင်းလိုက်စုစည်းမှု အားကောင်းစေရန် အတွက် ရတနာပုံ၊ ဆောက်သမ်းမြန်မာ၊ မကွေးအက်ဖ်စီတို့နှင့် ရာသီကြို ခြေစမ်းပွဲ များယှဉ်ပြိုင်ကစားသွားမည်ဟု အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

ပြီးခဲ့တဲ့ အမှတ်ပေးရာသီက ရှုမ်းယူနိုက်တတ်အသင်းက အဆင့်၁နေရာနဲ့ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံဆုရရှိခဲ့သလို ဧရာဝတီယူနိုက်တက်အသင်းဟာ ပြီးခဲ့သည့် ရာသီက အဆင့် ၂ နေရာတွင် ရပ်တည်နိုင်ခဲ့ပါတယ်။ အဆင့်၃နေရာကိုတော့ ရန်ကုန်ယူနိုက်တတ်အသင်းက ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

ဧရာဝတီယူနိုက်တက်အသင်းဟာ ဒီဇင်ဘာ ၁၄ ရက်တွင် ရတနာပုံအက်ဖ်စီ၊ ဒီဇင်ဘာ ၁၈ ရက်တွင် ဆောက်သမ်းမြန်မာနှင့် ဒီဇင်ဘာ ၂၁ ရက်တွင် မကွေးအက်ဖ်စီအသင်းတို့နှင့် ခြေစမ်းကစားသွားမည်ဖြစ်ပြီး ယင်းပွဲစဉ်များကို ဗဟန်းမြက်ခင်းတုကွင်း(M-3) ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။

source: Myanmar National League 's facebook  

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။