ညီညီမောင်(စမ်းချောင်း) ကတော့ အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးအဖြစ် နာမည်တစ်လုံးနဲ့ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ဟာသဗီဒီယိုလေးတွေနဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေပန်းစားနာမည်ကြီးခဲ့တဲ့ သုသုက မသိသူမရှိလောက်အောင် အောင်မြင်နေတာ ဖြစ်ပါတယ်။ သုသုက ပွင့်ပွင့်လင်းလင်းနဲ့ အရှိကိုအရှိအတိုင်းပြောတတ်သလို ဟာသဉာဏ်လည်းရွှင်တာကြောင့် ချစ်ခင်သူတွေများပြားနေတာဖြစ်ပါတယ်။

Photo Credit- Nyi Nyi Maung's FB
Photo Credit- Nyi Nyi Maung's FB
Photo Credit- Nyi Nyi Maung's FB

သုသုက သရုပ်ဆောင်ရတာကိုဝါသနာပါသူလေးပီပီ နောက်ပိုင်းမှာလည်း ရုပ်ရှင်သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေရိုက်ကူးလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း သုသုက ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားမှာ တစ်ခါမှမလုပ်ဖူးတဲ့ ဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ Tik Tok ကစားလေ့ရှိတဲ့ သုသုက အခုလည်း ဗိုလ်အောင်တင်နဲ့မမြဝင်းသီချင်းလေးကို အိုက်တင်အပြည့်နဲ့ သရုပ်ဆောင်ပြလိုက်ပါတယ်။

Photo Credit- Nyi Nyi Maung's FB
Photo Credit- Nyi Nyi Maung's FB
Photo Credit- Nyi Nyi Maung's FB

ထန်းတောထဲကိုရောက်ရှိနေတဲ့ သုသုက မမြဝင်းနေရာကနေ အပီအပြင်သရုပ်ဆောင်ပြီး သီချင်းလေးအတိုင်း တေးသရုပ်ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ သုသုရဲ့ဗီဒီယိုလေးက ခွီလည်းခွီနေရသလို အရမ်းချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဗိုလ်အောင်တင်နဲ့မမြဝင်းသီချင်းကို သူများနဲ့မတူအောင် Tik Tok ကစားပြလိုက်တဲ့ သုသုရဲ့အခွီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Nyi Nyi Maung's FB & Tik Tok 

Photo Credit- Nyi Nyi Maung's FB
Photo Credit- Nyi Nyi Maung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။