ပရိတ်သတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ "Black Death"လို့ခေါ်တဲ့ ရာဇဝင်သမိုင်းအကြောင်းကို ဗဟုသုတဖြစ်ဖွယ် စိတ်ဝင်စားမှုရှိစေရန် ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားကြဖို့မမေ့ပါနဲ့ဦးနော်။

Photo credit pngtree

ထို "Black Death" လို့ခေါ်တဲ့ ကြောက်မက်ဖွယ် ရောဂါဆိုးကြီးကိုတော့ မြန်မာပြည်က လူအများက "ပလိပ်ရောဂါ" လို့သိကြပါတယ်။ ပလိပ်ရောဂါဆိုတာ ကြွက်တွေကနေလာတဲ့ ကူးစက်ရောဂါ ဘက်တီးရီးယားပိုး တစ်မျိုးပဲဖြစ်ပါတယ်။ ယခုခေတ်မှာ ဆေးဝါးနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက်ကြောင့် ပလိပ်ရောဂါကို ကုသလို့ရပေမယ့် ၁၃၁၄ ခုနှစ်တွေမှာတော့ ကပ်ဆိုကြီးသဖွယ် လူတွေရဲ့ အသက်ပေါင်းများစွာကို နှုတ်ယူခဲ့တာဖြစ်ပါတယ်။

Photo credit pngtree

၁၃ ရာစု နှောင်းပိုင်း ကာလများတွင် ဥရောပ နိုင်ငံတွေမှာ ကြွက်တွေကို လွန်စွာ ကြောက်ရွံ့ခဲ့ကြရပါတယ်။ ၁၃၄၇ ခုနှစ် အီတလီနိုင်ငံရဲ့ ဆောင်းရာသီမှာ လူသားမျိုးနွယ်ကိုဖျက်မယ့် ပလိပ်ရောဂါပိုးတစ်မျိုး Black sea ပင်လယ်ပြင်ထဲက ပြန်လာတဲ့ သင်္ဘောပေါ်ကနေ "Messina" မှာရှိတဲ့ "Sicilian port" က တစ်ဆင့်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီရောဂါဟာ ဥရောတိုက်က နိုင်ငံတော်တော်များများကို ပျံ့နှံ့ခဲ့ပြီး ပလိပ်ရောဂါ ဖြစ်နေတဲ့ဒေသတွေမှာဆို လူဦးရေ ၂၅ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်းကြား အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ဥရောပ တိုက်ရဲ့ လူဦးရေ သုံးပုံ တစ်ပုံက ဒီပုလိပ်ရောဂါနဲ့ သေဆုံးခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဆိုရင် လူဦးရေ ၇၅ သန်းအထိသေဆုံးခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကြောက်မက်ဖွယ်ကောင်းတဲ့ ပလိပ်ရောဂါ သမိုင်းအကြောင်းကို သိရှိရပြီးပြီဖြစ်တာမလို့ ကျေနပ်အားရကြမယ်လို့ ယုံကြည်ပါတယ်။ နောင်လည်း ဆက်လက်အားပေး ဖတ်ရှုကြပါဦးနော်။

Source Once A Glance page

Photo credit pngtree 

Photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်" ကိုကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။